Pages

Monday, July 4, 2016

မြန်မာနိုင်ငံ၏ ထောပတ်သီးစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် ထောပတ်သီးများ ပြည်ပတင်ပို့နိုင်ရေး အချက်အလက် ကောက်ယူ



ရန်ကုန် ၊ ၄-၇-၂၀၁၆

မြန်မာနိုင်ငံ၏ ထောပတ်သီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် ထောပတ်သီးများ ပြည်ပတင်ပို့ နိုင်ရေးအတွက် လက်ရှိ စိုက်ပျိုးနေသော ထောပတ်သီး များ၏ အမည်နှင့် အမျိုးအစား ခွဲခြား ဆောင်ရွက်နိုင်ရန် အချက်အလက်များ ကောက်ယူ နေကြောင်း ထောပတ်သီး အရောင်းဆိုင် များနှင့် မြန်မာနိုင်ငံ ထောပတ်သီး အစုအဖွဲ့ သတင်းများ အရ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ စိုက်ပျိုး ထွက်ရှိသည့် ထောပတ်သီး များတွင် အမျိုးအမည် ခွဲခြား သတ်မှတ်မှု မရှိဘဲ အဝိုင်းသီး၊ အချွန်သီး ဟူ၍သာ ခေါ်ဝေါ် စိုက်ပျိုးနေ ကြသည်။ ထို့ပြင် မြန်မာနိုင်ငံမှ ထောပတ်သီး များကို ဝယ်ယူရန် ကမ်းလှမ်း လာသည့် ပြည်ပ ဈေးကွက်များ ရှိနေသော်လည်း အမျိုးစား တူညီမှု မရှိခြင်း၊ အမျိုးအမည် မရှိခြင်း များကြောင့် ပြည်ပဈေးကွက် လိုအပ်ချက်ကို ပြည့်မီစေရန် တင်ပို့ရောင်းချ နိုင်ခြင်း မရှိသဖြင့်
ပြည်ပသို့ တင်ပို့ ရောင်းချခြင်း မပြုနိုင်၍ မြန်မာနိုင်ငံ ထွက် ထောပတ်သီး စိုက်ပျိုးလုပ်ကိုင် နေသူများသည် မိရိုးဖလာ စိုက်ပျိုးနည်း များဖြင့် သာ စိုက်ပျိုး ထုတ်လုပ်မှု များပြားနေပြီး စီးပွား ဖြစ်စိုက် ပျိုးထုတ်လုပ်မှု နည်းပါးသည်။

ထို့ကြောင့် ထောပတ် စိုက်ပျိုးရေး လုပ်ငန်းများ ခေတ်မီဖွံ့ဖြိုး တိုးတက် လာစေရန်နှင့် ပြည်ပသို့ တင်ပို့ရောင်းချ နိုင်ရန်အတွက် USAID ၏ ပံ့ပိုးမှုဖြင့် Y Winrock International က ပံ့ပိုးကူညီ ဆောင်ရွက် ပေးလျက် ရှိသည်။

ထိုသို့ကူညီ ဆောင်ရွက်ပေး မှုကြောင့် ထောပတ်သီး စိုက်ပျိုးသူ အချို့ စီးပွားဖြစ် စိုက်ပျိုးမှုများ လုပ်ကိုင် ဆောင်ရွက် ခဲ့ကြရာ အဆိုပါ စီးပွားဖြစ် ထောပတ်သီး စိုက်ပျိုးရေးခြံ များမှ လာမည့်နှစ်တွင် ထောပတ်သီး များ ထွက်ရှိမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ထောပတ်သီး အမျိုးအစားပေါင်း နှစ်ဆယ်ခန့် စိုက်ပျိုးနေပြီး ထောပတ်သီး များကို ရှမ်းပြည်နယ် တောင်ကြီး၊ ဟိုပုံး၊ ပင်းတယနှင့် ရွာငံဒေသ တို့တွင် အများဆုံး စိုက်ပျိုး ထွက်ရှိသည်။ အဆိုပါ ဒေသမှ ထွက်ရှိသည့် ထောပတ်သီး များကိုလည်း အမျိုးအမည် ခွဲခြားနိုင်မှု မရှိဘဲ အဝိုင်းသီး၊ အချွန်သီး ဟူ၍သာ ပြည်တွင်း ဈေးကွက်များသို့ တင်ပို့ ရောင်းချနေခြင်း ဖြစ်ကြောင်း သိရသည်။ (၃၃၆)

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

No comments:

Post a Comment