Pages

Tuesday, July 5, 2016

ရေနံဓာတ်ငွေ့ရည် လက်လီအရောင်းဆိုင် များကို (ဃ)လိုင်စင် နှင့် (င)လိုင်စင် အတည်ပြု ထုတ်ပေးရာတွင် ပတ်ဝန်းကျင် ထောက်ခံချက်ပါ တင်ပြရန်လို



ရန်ကုန် ၊ ၅-၇-၂၀၁၆

ယာယီလိုင်စင် ထုတ်ပေး ထားသော ရေနံ ဓာတ်ငွေ့ရည် လက်လီ အရောင်းဆိုင် များကို (ဃ) လိုင်စင်နှင့် (င)လိုင်စင် အတည်ပြု ထုတ်ပေးရာတွင် ပတ်ဝန်းကျင် ထောက်ခံချက်ပါ တင်ပြရမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းမှ သိရသည်။

ရေနံဓာတ်ငွေ့ရည် လက်လီ အရောင်းဆိုင် များကို (ဃ) လိုင်စင်နှင့် (င) လိုင်စင် တို့ ယာယီထုတ်ပေး ထားပြီး ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှ စ၍ ရောင်းချနိုင်ရန် စိစစ်ရာတွင် ဆိုင်အနီး နေထိုင်သူ များ၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက် တောင်းခံပြီး မှသာ သတ်မှတ် လိုင်စင်ကြေးများ ပေးသွင်းကာ လိုင်စင် ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ရေနံ ဓာတ်ငွေ့ရည် လက်လီ အရောင်းဆိုင်ရှင် များသည် တိုင်းဒေသကြီး နှင့်ပြည်နယ် အစိုးရအဖွဲ့နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနတို့သို့ ဆက်သွယ် တင်ပြရမည့် အပြင် သက်ဆိုင်ရာ စည်ပင် သာယာရေး ကော်မတီ ၊ လျှပ်စစ်နှင့် မီးသတ်တပ်ဖွဲ့ သာမက ပတ်ဝန်းကျင် ထောက်ခံချက်ပါ ပေးပို့ရမည် ဖြစ်သည်။

(ဃ) လိုင်စင်ဖြစ်သည့် ဖြည့်တင်းပြီး ရေနံဓာတ်ငွေ့ရည် အိုးများကို သိုလှောင်ရုံဖြင့် သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းနှင့် (င) လိုင်စင်ဖြစ်သည့် ဖြည့်တင်းပြီး ရေနံဓာတ်ငွေ့ရည် အိုးများကို တိုက်ခန်း၊ ဆိုင်ခန်းများဖြင့် သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း လုပ်ကိုင်နိုင်ရန် ဇွန် ၉ ရက်မှစ၍ ယာယီ လိုင်စင်များ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး၌ ယာယီလိုင်စင် (ဃ) အမျိုးအစားဖြင့် လာရောက် လျှောက်ထား သည့် ရေနံဓာတ်ငွေ့ ရည် အရောင်းဆိုင် ၃၆ ဆိုင်နှင့် ယာယီလိုင်စင် (င) အမျိုးအစားဖြင့် လာရောက် လျှောက်ထားသည့် ရေနံ ဓာတ်ငွေ့ရည် အရောင်းဆိုင် ၂၁၃ ဆိုင် ရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment