Pages

Saturday, July 23, 2016

အင်းဝနှင့် ပင်းယရှေးဟောင်း ယဉ်ကျေးမှု အဆောက်အအုံ ၅ ခုကို ပြုပြင်ထိန်းသိမ်းခြင်း နှင့် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်မည်



တံတားဦး ၊ ၂၃-၇-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး တံတားဦး မြို့နယ် အင်းဝနှင့်ပင်းယ ရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်းရှိ ရှေးဟောင်း အဆောက်အအုံ ငါးခုအတွက် ဘတ်ဂျက်ငွေ ကျပြီဖြစ်၍ ပြုပြင် ထိန်းသိမ်းခြင်း နှင့် အဆင့် မြှင့်တင်ခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ သိရသည်။

အဆိုပါ အဆောက်အအုံ ငါးခုမှာ ပင်းယမြို့ ဂူသုံးလုံးဘုရား အလယ်ဂူ၊ နန်းမြင့် မျှော်စင်၊ စန္ဒာပူရိတံခါး၊ ကျိုင်းရုံး တံခါးကြား ရှိ မြို့ရိုးနှင့် အင်းဝ ယဉ်ကျေးမှု ပြတိုက်တို့ ဖြစ်ပြီး ယင်းတို့ကို ပြုပြင် ထိန်းသိမ်းရန် ငွေကျပ် သိန်း ၁၈ဝဝ ရရှိထားကာ အဆောက်အအုံ ငါးခုစလုံးကို ယခုနှစ်အပြီး ဆောင်ရွက် သွားမည် ဖြစ်သည်။

အင်းဝနှင့် ပင်းယ ရှေးဟောင်း ယဉ်ကျေးမှုဇုန် များသည် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အများဆုံး သွားရောက် ကြည့်ရှုသည့် ယဉ်ကျေးမှုဇုန် များဖြစ်သည်။ ယခုကဲ့သို့ ပြုပြင်မှု ပြုလုပ်ရာတွင် မူလလက်ရာ မပျောက်
ပျက်အောင် ထိန်းသိမ်းပြုပြင် သင့်ပြီး ရှေးဟောင်း အငွေ့အသက်များ ပျောက်ဆုံးကာ အဆောက်အအုံ အသစ်ကြီး ဖြစ်သွားခဲ့ပါက မည်သူမျှ လာရောက် ကြည့်ရှုတော့မည် မဟုတ် ကြောင်း ဧည့်လမ်းညွှန် တစ်ဦးက ပြောသည်။

ရှေးဟောင်း ယဉ်ကျေးမှုဇုန် အဖြစ် သတ်မှတ်ထားသည့် အင်းဝမြို့ဟောင်း ၌ ရှေးယခင် မင်းလေးဆက် အထိ စိုးစံခဲ့ကြပြီး လက်ရှိတွင် အဆိုပါဇုန်ကို ရှေးဟောင်း အထိမ်းအမှတ် တည်ရှိရာဇုန်၊ ရှေးဟောင်း ယဉ်ကျေးမှုဇုန် နှင့် ကာကွယ် ထိန်းသိမ်းရေး ဇုန်အဖြစ် အပိုင်းသုံးပိုင်း ခွဲခြား ထားကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment