Pages

Friday, July 8, 2016

ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ပစ္စည်းများအား တပ်မတော်ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေး


မင်းပြားမြို့နယ် အတွင်းရှိ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ရေးပစ္စည်း များကို စစ်တွေတပ်နယ် မှ တပ်မတော်သား များက ရဟတ်ယာဉ်ပေါ်သို့ သယ်ယူ ရွှေ့ပြောင်းပေးစဉ်



နေပြည်တော် ၊ ၈-၇-၂၀၁၆

ရခိုင်ပြည်နယ် အတွင်း ဇူလိုင် ၃ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေ တိုးလာခဲ့ပြီး မင်းပြားမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်ခဲ့သည်။

၎င်းကျေးရွာ များမှ ရေဘေးသင့် ပြည်သူများ အတွက် ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ထောက်ပံ့ လှူဒါန်းသည့် Family Kid အထုပ် ၃၀ ပါ ၁၀ အိတ်၊ အသင့်စား ခေါက်ဆွဲခြောက် နှင့် ကြာဆံ ၁၂၀ ဖာ၊ တစ်လီတာပါ ရေသန့်ဘူး ၃၆၀ ဘူးတို့အား ယမန်နေ့တွင် စစ်တွေလေဆိပ် မှတစ်ဆင့် မင်းပြားသို့ တပ်မတော် ရဟတ်ယာဉ်ဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် ပေးပို့ခဲ့ရာ စစ်တွေ တပ်နယ်မှ တပ်မတော် သားများက ရဟတ်ယာဉ် ပေါ်သို့ သယ်ယူရွှေ့ပြောင်း ပေးသည်။

အဆိုပါ ရဟတ်ယာဉ်နှင့် အတူ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် နှင့် စစ်တွေတပ်နယ်မှ တာဝန်ရှိသူများ လိုက်ပါသွားပြီး ပြင်ယောင်း ကျေးရွာနှင့် မင်းဖူးကျေးရွာ တို့တွင် ထောက်ပံ့ရေး ပစ္စည်း အချို့အား ရဟတ်ယာဉ် ပေါ်မှ ချပေးခဲ့ပြီး မင်းပြားမြို့သို့ ညနေ ၃ နာရီတွင် ရောက်ရှိရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများက တွေ့ဆုံ၍ ကယ်ဆယ် ထောက်ပံ့မှု လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သည်။

ကျန်ရှိသည့် ထောက်ပံ့ရေး ပစ္စည်းများအား ကျေးရွာများသို့ ဆက်လက်ပို့ဆောင် ပေးသွားမည် ဖြစ်ပြီး ယခုအခါ မင်းပြားမြို့နယ် အတွင်း ရေများပြန်လည် ကျဆင်းလျက် ရှိကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment