Pages

Wednesday, July 20, 2016

လမ်းပေါ်နေကလေးငယ် လျှော့ချရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ရန်ပုံငွေရရှိရေး ဆောင်ရွက်မည်


မန္တလေး ၊ ၂၀-၇-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ လမ်းပေါ်နေ ကလေးငယ်များ လျှော့ချရေးနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ အတွက် ရန်ပုံငွေ တစ်ရပ်
ထူထောင်နိုင်ရန် လုပ်ဆောင် နေကြောင်း မန္တလေးတိုင်း ဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။

ရန်ပုံငွေ ရရှိရေးအတွက် တိုင်းဒေသကြီး အစိုးရနှင့် လူမှုရေး အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များကို လမ်းပေါ်နေ ကလေးငယ်များနှင့် ပတ်သက်၍ စုစည်းထားသည့် အချက်များကို လူမှုဝန်ထမ်း ဦးစီးဌာနမှ တင်ပြသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမောက်ဆိုင် က ပြောသည်။

''ရန်ပုံငွေရရှိရေး အတွက် လောလောဆယ် မှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ရယ်၊ အစိုးရ မဟုတ်တဲ့ လူမှုဝန်ထမ်း အဖွဲ့အစည်း တွေရယ်၊ လုပ်ငန်းရှင် တွေကို လမ်းပေါ်နေ ကလေးငယ် တွေနဲ့ ပတ်သက်ပြီး ရန်ပုံငွေ ရရှိဖို့အတွက် တင်ပြသွားဖို့ ရှိတယ်။ ဘယ်တော့လဲ ဆိုတာ ကိုတော့ အတိအကျ ပြောမရသေးဘူး'' ဟု ဦးစီးအရာရှိ ဒေါ်နန်းမောက်ဆိုင် က ပြောသည်။

လူမှုဝန်ထမ်း အဖွဲ့အစည်း များတွင် လမ်းပေါ်နေ ကလေးငယ် များနှင့် ပတ်သက်၍ သီးသန့် လုပ်ဆောင်သည့် အဖွဲ့ နည်းပါးပြီး မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ဆက်စပ်သည့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ေ ဆာင်ရွက်ရန် လိုအပ်နေကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနနှင့် UNICEF ၊ World Vision ၊ MRCS ၊ RMO ၊ Save the Children ၊ CFN ၊ TDHL တို့ ပူးပေါင်း၍ လမ်းပေါ်နေ ကလေးငယ်များ အများစု ကျင်လည် ကျက်စားလေ့ ရှိသော မန္တလေး ဘူတာကြီး၊ ကားဂိတ်များ၊ ဧရာဝတီ မြစ်ကမ်း တစ်လျှောက်ရှိ လှေဆိပ်၊ သင်္ဘောဆိပ်များ၊ ဈေးများ၊ ခုံးကျော်တံတား အောက်များရှိ လမ်းပေါ်နေ ကလေးငယ် ၁၂ဝ ကို ဇွန်လအတွင်း တွေ့ဆုံ မေးမြန်းကာ စစ်တမ်း ကောက်ယူ ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ စာရင်းကောက်ယူ ခဲ့ရာတွင် မိသားစု စီးပွားရေး အဆင်မပြေ မှုကြောင့် လမ်းပေါ် ရောက်လာသည့် ကလေးငယ်မှာ အများဆုံး ဖြစ်နေကြောင်း မန္တလေးတိုင်း ဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန မှ သိရသည်။ (MMK)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment