Pages

Sunday, July 10, 2016

သွေးအတွင်း အဆီဓာတ်မြင့်မားခြင်း



ဒေါက်တာလွင်သန့် (ဆေး-၂)

သွေးအတွင်း အဆီဓာတ် မြင့်မားတဲ့သူ တွေအနေနဲ့ အသား စားပေးသင့် ပါတယ်။ တချို့က အဆီဓာတ် မြင့်မားလို့ဆိုပြီး ပုံမှန် စားနေကျ ထမင်းကိုလျှော့ပြီး ဟင်းသီးဟင်းရွက် ကြော်၊ ဟင်းချိုရည်နဲ့ပဲ စားကြတယ်။ ကြာလာတော့ အားအင်ကုန်ခန်းပြီး တက်ကြွ လန်းဆန်းမှု မရှိတော့ဘဲ အမြဲအိပ်ငိုက်ပြီး ပျင်းရိ နေတတ်တယ်။

လူ့ခန္ဓာကိုယ် အချိုးအဆ အနေနဲ့ ဘီအမ်အိုင် ၁၈ ဒသမ ၉ မှ ၂၄ ဒသမ ၉ အတွင်း ရှိရပါမယ်။ ဘီအမ်အိုင် ဆိုတာ ခန္ဓာကိုယ် အလေးချိန် (ကီလိုဂရမ်) အရပ်အမြင့် မီတာ (နှစ်ထပ်ကိန်း) နဲ့စားလို့ရတဲ့ ကိန်းဖြစ်လို့ အလေးချိန် လျှော့ဖို့လိုမယ်။ အသင့် အမြန်စား အစာတွေက ကိုလက်စထရော ကို မြင့်တက် စေပါတယ်။

တချို့သွေးအတွင်း အဆီဓာတ် လွန်ကဲသူတွေက အသားဟင်း၊ အဆီတွေကို မစားရဘူးလို့ နားလည် နေကြတယ်။ ပြည့်ဝဆီများတဲ့ ဝက်သားလို အသားကို ရှောင်ပြီး ငါးကို ရွေးချယ်စားသုံး နိုင်ပါတယ်။ မပြည့်ဝဆီ
အက်စစ်ဟာ သွေးအတွင်း အဆီဓာတ် ထူးခြားခြင်းနဲ့ နှလုံး၊ ဦးနှောက် သွေးကြောရောဂါ တို့ကို ကာကွယ်ပေးရာမှာ အရေးကြီး တဲ့ကဏ္ဍက ပါဝင်နေတယ်။

သွေးအားနည်း ရောဂါ ဖြစ်နေသူတွေ အနေနဲ့ သံဓာတ် ကြွယ်ဝပြီး အဆီဓာတ် နည်းတဲ့ အမဲသား သို့မဟုတ် အဆီမပါတဲ့ အသားကို ရွေးချယ်စားသုံး နိုင်ပါတယ်။

လေးဖက်နာရောဂါ ရှိနေသူတွေ ဆိုရင်တော့ ဖြူလင်းဓာတ် နည်းပါးတဲ့ ကြက်၊ ဘဲ တို့ကို ရွေးချယ်စားသုံး သင့်ပါတယ်။ အရိုးပွရောဂါ ဖြစ်နေသူတွေ ဆိုရင် ပုစွန် စားသုံးနိုင်ပါတယ်။

လူရဲ့ခန္ဓာကိုယ် အတွင်းမှာ ပရိုတိန်းခေါ် အသားဓာတ်နဲ့ မရှိမဖြစ် လိုအပ်တဲ့ အဆီအက်စစ် ချို့တဲ့နေတာကို တွေ့ရှိရ တတ်တယ်။

သွေးအတွင်း အဆီက အသားဓာတ် (ပရိုတိန်း) အဖြစ် မပြောင်းလဲ နိုင်လို့ ပုံမှန်စားနေကျ အစားအစာမှာ အသားကို စားသုံးခိုင်း ရတာပဲဖြစ်တယ်။ လူတိုင်း နေ့စဉ် လေ့ကျင့်ခန်း နာရီဝက်မှ တစ်နာရီထိ လုပ်သင့်ပါတယ်။ အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး လုပ်ပေးသင့်တယ်။ ခန္ဓာကိုယ်မှာ ရှိနေတဲ့ ပိုလျှံနေတဲ့ ကယ်လိုရီ တွေကို အဆီအဖြစ် မပြောင်းလဲဘဲ ချွေးအဖြစ် ပြောင်းလဲ စေရပါမယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment