Pages

Sunday, July 10, 2016

တရုတ်တွင် အာရှ၏အရှည်ဆုံး နှစ်လမ်းသွား ဥမင်လိုဏ်ခေါင်းမီးရထားလမ်း တည်ဆောက်မှုပြီးစီး



ပေကျင်း ၊ ၁၀-၇-၂၀၁၆

တရုတ်နိုင်ငံ၌ အာရှ၏ အရှည်ဆုံး နှစ်လမ်းသွား ဥမင်လိုဏ်ခေါင်း မီးရထားလမ်းကို တည်ဆောက်လျက် ရှိရာ ယခုအခါ တည်ဆောက်မှု ပြီးစီးသွားပြီ ဖြစ်ကြောင်း ဇူလိုင် ၉ ရက် ထုတ်ပြန်ချက် အရ သိရသည်။

၆၄၃ ကီလိုမီတာ ရှည်သည့် အဆိုပါ မီးရထားလမ်းကို အရှိန်မြှင့် မီးရထားများ သွားလာရန် အတွက် တရုတ်နိုင်ငံ အနောက်မြောက် ဘက်ရှိ ရှန်းရှီပြည်နယ် ၌ တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး အာရှတွင်  အရှည်ဆုံး ဥမင်လိုဏ်ခေါင်း ဖြစ်ကြောင်း ဒေသတွင်း မီဒီယာတစ်ခုက ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ဥမင်လိုဏ်ခေါင်း သည် ချီလင်း တောင်တန်းအား ဖြတ်လျက် တည်ဆောက် ထားပြီး ရှီအန်းမြို့နှင့် နိုင်ငံ အနောက်တောင် ဘက် စီချွမ်းပြည်နယ်ရှိ ချန်ဒူးမြို့သို့ ဆက်သွယ် ထားကြောင်း ဆောက်လုပ်ရေး ပညာရှင်များက ပြောကြားသည်။

မီးရထားများ သည် ယင်းဥမင် လိုဏ်ခေါင်းကို အသုံးပြု၍ တစ်နာရီလျှင်၂၅ဝ ကီလိုမီတာ နှုန်းဖြင့် မောင်းနှင်နိုင်ပြီး ခရီး သွားလာမှု ကြာချိန်ကို လျှော့ချပေးမည် ဖြစ်ကြောင်းနှင့် ယင်းမြို့နှစ်မြို့ အကြား ကြာချိန်မှာ ယခင်က ၁၆ နာရီကြာမြင့် ရာမှ ယခုအခါ သုံးနာရီသာ ကြာမြင့်တော့မည် ဖြစ်ကြောင်း ဒေသတွင်း သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၈)

No comments:

Post a Comment