Pages

Wednesday, July 20, 2016

ဂျပန်နိုင်ငံနှင့် ပူးပေါင်း၍ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ယွန်းကုန်ချောထုတ်လုပ်နိုင်ရေးအတွက် ကောလိပ်ကျောင်းသား များအား ပုဂံယွန်းပညာသင်ကြား ပေးနိုင်ရန် ရည်မှန်းထား



နေပြည်တော် ၊ ၂၀-၇-၂၀၁၆

အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီး ဌာန ယွန်းပညာ ကောလိပ် (ပုဂံ)သည် ဂျပန်နိုင်ငံနှင့် ပူးပေါင်း၍ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် ယွန်းကုန်ချော ထုတ်လုပ်နိုင်ရေး အတွက် ကောလိပ် ကျောင်းသား များအား ပုဂံယွန်း ပညာ သင်ကြား ပေးနိုင်ရန် ရည်မှန်းထား ကြောင်း ယွန်းပညာ ကောလိပ် (ပုဂံ)မှ ညွှန်ကြားရေးမှူး ဒေါ်ရီရီလှိုင် ထံက သိရသည်။

''ဂျပန်နိုင်ငံနဲ့ ပူးပေါင်းပြီး ယွန်းထည် ပစ္စည်းကို ၂ဝ၁၂ ခုနှစ် ကတည်းက စီစဉ်ခဲ့တာပါ။ အခုချိန် ထိတော့ အကောင် အထည် မဖော်နိုင် သေးဘူး။ သူတို့က နည်းပညာ လာပေးပါတယ်။ ကျောင်းကို လာပြီး တော့ပေါ့။ ဒီကဆရာ၊ ဆရာမ တွေကို နည်းပညာ လာပေးတာပါ။ ကုန်ချော ကတော့ မထုတ်နိုင် သေးပါဘူး။ သူတို့နဲ့ပဲ နည်းပညာတွေ ပူးပေါင်း နေပါတယ်။ သူတို့က သင်ပေးတယ်။ ကိုယ်တွေက စမ်းသပ်ပြီး လုပ်တယ်။ ယွန်းကုန်ချော ထုတ်ဖို့ဆိုရင် ၂ဝ၁၇-၂ဝ၁၈ ခုနှစ်လောက် ဆို အဆင်ပြေမယ် ထင်ပါတယ်'' ဟု ယွန်းပညာ ကောလိပ် (ပုဂံ)မှ ညွှန်ကြားရေးမှူး ဒေါ်ရီရီလှိုင် က ပြောသည်။

လက်ရှိ ယွန်းပညာ ကောလိပ် (ပုဂံ)တွင် တက်ရောက် ပညာသင်ကြား နေသော ပထမနှစ် ကျောင်းသား ၁၇၇ ဦး၊ ဒုတိယနှစ် ကျောင်းသား ၁၇၄ ဦး စုစုပေါင်း ၃၅၁ ဦး တို့ကို ပုဂံယွန်းပညာ သင်ကြားနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ယွန်းပညာ ကောလိပ် (ပုဂံ)မှ ညွှန်ကြားရေးမှူး ဒေါ်ရီရီလှိုင် ထံက သိရသည်။

''ကျွန်မတို့ ကတော့ ဈေးကွက်ဖြန့်တဲ့ နေရာတော့ မဟုတ်ပါဘူး။ ဂျပန်နဲ့ ပြန်ပြီးတော့ ညှိနှိုင်းပြီး လုပ်ရမယ့် ကိစ္စ ဖြစ်နေပါတယ်။ ကျွန်မတို့က ကောလိပ်သီးသန့် ပါပဲ။ အခု ဈေးကွက်က ဘယ်လိုရှိလဲ ဆိုရင် ပုဂံမှာ ယွန်းအမျိုးတူစု တွေဖွဲ့ထားပြီး ပါပြီ။ လုပ်ငန်းရှင်တွေ ပူးပေါင်းပြီးတော့ ယွန်းထည် ပစ္စည်းတွေကို ဆောင်ရွက်ဖို့ရာ စီစဉ်နေပါတယ်'' ဟု ၄င်းကဆက်လက်ပြောသည်။

မြန်မာ့ယွန်းထည် နှင့် ဂျပန်ယွန်းထည် ယှဉ်မည်ဆိုပါက ဂျပန်ယွန်းထည် မှာ ငွေမှုန်ကိုဖြူး၍ ဒီဇိုင်းထွင်း ရခြင်းဖြစ်ကာ မြန်မာ့ယွန်းထည်မှာ အရောင်သုံးရောင် စပ်၍ ပြုလုပ်ရခြင်း ကြောင့် ဂျပန်ယွန်းထည် က ဈေးနှုန်း ပိုသက်သာကြောင်း သိရသည်။ (MMK)

မြ၀တီနေ့စဉ် ၊ စာ(၁၀)

No comments:

Post a Comment