Pages

Friday, July 1, 2016

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေး


ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ရန်ကုန်မြို့ အီတလီနိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E.Mr. Pier Giorglo ALIBERTI အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၁-၇-၂၀၁၆

ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း သည် ရန်ကုန်မြို့ အီတလီနိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E.Mr. Pier Giorglo ALIBERTI ကို ယနေ့နံနက် ၉ နာရီခွဲတွင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ပြုပြင် ပြောင်းလဲရေး၊ ရှေးဟောင်း ပစ္စည်းများ မွမ်းမံ ထိန်းသိမ်းရေး၊ နှစ်နိုင်ငံ တပ်မတော် အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေး နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြသည်။

ထိုသို့ တွေ့ဆုံရာ၌ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်အတူ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် နှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment