Pages

Friday, July 22, 2016

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ၀င်ခွင့်လျှောက်ထားရမည့် ထုတ်ပြန်



ရန်ကုန် ၊ ၂၂-၇-၂၀၁၆

တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီးသူများ အနေဖြင့် အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ်များ၌ တက်ရောက် လိုပါက ဝင်ခွင့်များကို စတင် လျှောက်ထားနိုင်ပြီး အောက်တိုဘာ ၂၁ ရက် နောက်ဆုံးထား လျှောက်ထား ရမည်ဖြစ်ကြောင်း အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် မှ သိရသည်။

အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)နှင့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး) တို့၌ ဂီတပညာ၊ သဘင်ပညာ၊ ပန်းချီပညာ၊ ပန်းပုပညာ၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာ အထူးပြု ဘာသာရပ် များကို သင်ကြားပေးမည် ဖြစ်ပြီး သင်တန်းကာလ လေးနှစ်ပြီး ပါက ဝိဇ္ဇာဘွဲ့ ပေးအပ်မည် ဖြစ်ကြောင်းနှင့် ယင်း တက္ကသိုလ် ၌ တက်ရောက် လိုသူများသည် တက္ကသိုလ်ဝင် စာမေးပွဲတွင် မည်သည့် ဘာသာတွဲ ဖြင့် အောင်မြင်သည် ဖြစ်စေ တက်ရောက် နိုင်ပြီး အထူးပြု ဘာသာရပ်များ ကိုလည်း ဝါသနာပါသည့် အတိုင်း လျှောက်ထား နိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့ရှိ တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီး သူများကို အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ၌ လက်ခံသင်ကြား ပေးမည်ဖြစ်ပြီး နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ် နှင့် ချင်းပြည်နယ် တို့မှ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီး သူများကို အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး) ၌ လက်ခံသင်ကြား ပေးမည် ဖြစ်ကြောင်း သိရသည်။

ဝင်ခွင့်လျှောက်လွှာ များကို အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) နှင့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး) တို့၌ ရယူနိုင်ကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ (၁၂)

No comments:

Post a Comment