Pages

Thursday, July 28, 2016

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့ ကျင်းပစဉ်

မိုင်ဂျာယန် ၊ ၂၈-၇-၂၀၁၆

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ တက်ရောက်နိုင်ရေး နှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် နိုင်ငံရေး ဘုံသဘော တူညီချက်များ ရယူနိုင်ရန် ရည်ရွယ် ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့ ကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ကချင်ပြည်နယ် မိုင်ဂျာယန် ၌ ဆက်လက် ကျင်းပသည်။

ယမန်နေ့ အစည်းအဝေးတွင် သဘာပတိ KNU ဒုတိယဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန် က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် နှင့် စစ်မှန်သည့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် အတွက် တစ်စုတစ်ဖွဲ့တည်း တည်ဆောက်နိုင် မည် မဟုတ်ပါကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ ဒီမိုကရေစီ အဖွဲ့အစည်း များနှင့် ပြည်သူတစ်ရပ်လုံး ပါဝင်မှ သာလျှင် အောင်မြင်မှုကို ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ယခု အစည်းအဝေး တွင် အားလုံး ဝိုင်းဝန်း ဆွေးနွေးကြပြီး တူညီသော ဘုံသဘော ရပ်တည်ချက်များ ချမှတ်နိုင်ရန် လိုအပ် ပါကြောင်း ပြောကြားသည်။

ယနေ့ အစည်းအဝေး အပြီးတွင် အစည်းအဝေး ကျင်းပရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ - ၁ ပဒိုစောကွယ်ထူးဝင်း အပါအဝင် အဖွဲ့အစည်း အသီးသီးမှ ဦးဆောင်သူ ကိုးဦးတို့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး မီဒီယာများ ၏ မေးမြန်းမှု များကို ပြန်လည် ဖြေကြားခဲ့သည်။

ရဲခေါင်ညွန့်

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment