Pages

Tuesday, June 28, 2016

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးအောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ


ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိသူ များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုကြစဉ်

နေပြည်တော် ၊ ၂၈-၆-၂၀၁၆

ရုရှား ဖက်ဒရေးရှင်း နိုင်ငံသို့ လေ့လာရေး ခရီး သွားရောက်ခဲ့သော ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၂၆ ရက် ဒေသ စံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် မော်စကို အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ပြန်လည် ထွက်ခွာခဲ့ရာ ယနေ့နံနက် ၆ နာရီ ၂၅ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ ကြသည်။

ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီးများ၊ တာဝန်ရှိ သူများက လေဆိပ်တွင် ကြိုဆို နှုတ်ဆက် ကြသည်။

အဆိုပါ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၂၁ ရက် နံနက်ပိုင်းတွင် ရုရှားနိုင်ငံ ၊ စိန့်ပီတာစဘတ်မြို့ ရှိ Admiralty သင်္ဘောကျင်းသို့ သွားရောက် လေ့လာပြီး ညနေပိုင်းတွင် ရုရှား ဇာဘုရင်၏ နွေရာသီ နန်းတော်သို့ သွားရောက် လေ့လာ ကြည့်ရှုခဲ့သည်။

ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် ရေတပ် အကယ်ဒမီသို့ သွားရောက် လေ့လာရာ ရုရှားရေတပ်မှ Chief of staff ဖြစ်သူ Vice Admiral A.Volozinsky က ကြိုဆို၍ နှစ်နိုင်ငံ ရေတပ် ပူးပေါင်း ဆောင်ရွက်ရေးနှင့် လေ့ကျင့်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။ ထို့နောက် ရေတပ် အကယ်ဒမီ အတွင်း နိုင်ငံခြားသား သင်တန်းသား များအား လေ့ကျင့် သင်ကြားပေးမှု အခြေအနေ များကို လှည့်လည် ကြည့်ရှုလေ့လာ ကြသည်။

ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၂၃ ရက်တွင် ကရိုင်းမီးယား ဒေသ Sevastopol မြို့ရှိ အမှတ်(၃၅) အမြောက်တပ်မ ခံစစ်စခန်း အထိမ်းအမှတ် ပြတိုက်နှင့် ဆိုဗီယက် ယူနီယံခေတ် က ရေငုပ်သမားများ ထားရှိခဲ့သည့် Balaklava Museum များကို သွားရောက် လေ့လာကြပြီး ဇွန် ၂၄ ရက် နံနက်ပိုင်း တွင် ရုရှားရေတပ်မှ Black Sea Fleet Commander နှင့်တွေ့ဆုံ၍ ဆိပ်ခံတံတားတွင် ဆိုက်ကပ် ထားသည့် စစ်ရေယာဉ် များအား လေ့လာကြသည်။

ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် Yaroslavsky သင်္ဘောကျင်းသို့ သွားရောက်၍ ရေယာဉ် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု ကို ကြည့်ရှုလေ့လာ ကြပြီး ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် ရုရှား-မြန်မာ စစ်ဘက် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးကော်မရှင် (Federal Services for Military Technical Cooperation) ဒုတိယ ညွှန်ကြားရေးမှူး ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံ၍ လေ့ကျင့်ရေး နှင့် ရေယာဉ် တည်ဆောက်ရေး ဆိုင်ရာ ကိစ္စရပ် များအား ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment