Pages

Wednesday, June 29, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Yoo Jae-Kyung တို့အဖွဲ့ဝင် များနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၂၉-၆-၂၀၁၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ညနေ ၃ နာရီခွဲတွင် ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင် ၌ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Yoo Jae-Kyung အား လက်ခံ တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ မိတ်ဆွေကောင်း ဖြစ်ခဲ့မှု အခြေအနေ များ၊ ဆက်ဆံမှု သမိုင်းတွင် အာရှဒေသ၌ အားကစား ယှဉ်ပြိုင်ဘက် ဖြစ်ခဲ့မှု အခြေအနေ များ၊ အပြန်အလှန် ကူညီ ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ လက်ရှိကာလ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု တိုးတက် နေသည့် အခြေအနေများ၊ တပ်မတော် နှစ်ရပ်ကြား အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ အပါအဝင် ဆက်ဆံမှု ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့် လုပ်ဆောင်နိုင်မှု အခြေအနေ များနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိ နိုင်မည့် အခွင့်အလမ်း များအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ ကြသည်။ 

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး တို့ တက်ရောက် ကြပြီး မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး နှင့်အတူ စစ်သံမှူး Col.Hong Jong-Ki နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ တွေ့ဆုံပွဲ အပြီးတွင် အမှတ်တရ လက်ဆောင် ပစ္စည်း ပေးအပ်၍ အဖွဲ့ဝင်များနှင့် အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment