Pages

Tuesday, June 7, 2016

မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ သယံဇာတကို လက်ရှိနှုန်းထားအတိုင်း ဆက်လက်ထုတ်ယူပါက လာမည့် ၁၃ နှစ်အတွင်း ကုန်ခန်းသွားနိုင်



မန္တလေး ၊ ၇-၆-၂၀၁၆

မြန်မာနိုင်ငံတွင် သဘာဝ ဓာတ်ငွေ့ သယံဇာတကို လက်ရှိ ထုတ်လုပ်နေသည့် နှုန်းထားအတိုင်း ဆက်လက် ထုတ်ယူ ပါက လာမည့် အချိန်ကာလ ၁၃ နှစ်အတွင်း ကုန်ခန်းသွား နိုင်ကြောင်း ဇွန် ၄ ရက်နှင့် ၅ ရက်တို့တွင် မန္တလေးမြို့ ကနောင်ခန်းမ၌ ကျင်းပ ပြုလုပ်သော ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့ အထိမ်းအမှတ် ဟောပြောပွဲ သတင်းများ အရ သိရသည်။

မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်ပို့ ရောင်းချမှုမှ ရရှိသော ဝင်ငွေသည် လစဉ် အမေရိကန် ဒေါ်လာ သန်း ၁၇ဝ ရှိကြောင်း ၊ အဆိုပါဝင်ငွေ ပမာဏသည် နိုင်ငံတော် ဝင်ငွေ အားလုံး၏ ၄ဝ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ သဘာဝဓာတ်ငွေ့ ထုတ်ယူပြီး တင်ပို့ ရောင်းချမှု အနေဖြင့် ရတနာ သဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့ ကုဗပေ ၅၆၅ သန်း၊ ရဲတံခွန် သဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ သဘာဝ ဓာတ်ငွေ့ ကုဗပေ သန်း ၄ဝဝ ၊ ဇောတိက သဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ သဘာဝ ဓာတ်ငွေ့ ကုဗပေ သန်း ၂၄ဝ တို့ကို ထိုင်းနိုင်ငံသို့ လည်းကောင်း ၊ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ သဘာဝ ဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၄ဝဝ ကို တရုတ်နိုင်ငံ သို့လည်းကောင်း တင်ပို့ ရောင်းချလျက် ရှိသဖြင့် နေ့စဉ် သဘာဝ ဓာတ်ငွေ့ စုစုပေါင်း ကုဗပေ ၁၆ဝ၅ သန်းကို ထုတ်ယူ ရောင်းချလျက် ရှိကြောင်း သိရသည်။

အဆိုပါ သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ထုတ်ယူ နိုင်မှုသည် အမြဲတမ်း ထာဝရ ထုတ်ယူနိုင်မည် မဟုတ်ဘဲ တစ်နေ့ တစ်ချိန်၌ ကုန်ဆုံးသွားမည် ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံမှ ပညာရှင်များ၏ တွက်ချက်မှု အရ ကုန်ဆုံးမည့် အချိန်မှာ ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း သည် ၂ဝ၂၇ ခုနှစ်တွင် လည်းကောင်း၊ ရဲတံခွန် သဘာဝ ဓာတ်ငွေ့ စီမံကိန်း သည် ၂ဝ၂၄ ခုနှစ်တွင် လည်းကောင်း၊ ဇောတိက သဘာဝ ဓာတ်ငွေ့ စီမံကိန်းသည် ၂ဝ၂၉ ခုနှစ်တွင် လည်းကောင်း ကုန်ဆုံး နိုင်သည်ဟု ဖော်ပြ ထားကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ သယံဇာတသည် လက်ရှိ အခြေအနေ နှုန်းထားများ အတိုင်း ဆက်လက် ထုတ်ယူပါက အချိန်ကာလ ၁၃ နှစ်အတွင်း ကုန်ခန်း သွားနိုင်ကြောင်း ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ ပထမရက်တွင် သစ်တော ပညာရှင် ကိုရင်လှ ၏ ဟောပြောချက်များ အရ သိရသည်။

သိပ္ပံပညာရှင် များ၏ တွက်ချက်မှု များအရ ကမ္ဘာပေါ်တွင် ကျောက်မီးသွေးကို လာမည့် ၁ဝ၃ နှစ်ထိ၊ ရေနံကို ၅၃ နှစ်ထိနှင့် သဘာဝ ဓာတ်ငွေ့ကို ၅၅ နှစ်ထိသာ ထုတ်ယူနိုင်ပြီး သဘာဝ သယံဇာတများ ကုန်ခန်း ပျောက်ကွယ်မည့် အလားအလာနှင့် ရင်ဆိုင်ကြုံတွေ့ ရမည် ဖြစ်ကြောင်း သိရသည်။ (၁၈ဝ)

ရတနာပုံနေ့စဉ် ၊ စာ(၁၈)

No comments:

Post a Comment