Pages

Thursday, June 30, 2016

မြန်မာ-ထိုင်း နှစ်နိုင်ငံ တပ်မတော်အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုများ ဆွေးနွေး


ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေး ဝန်ကြီး General Prawit Wongsuwon အား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၃၀-၆-၂၀၁၆

ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း သည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေး ဝန်ကြီး General Prawit Wongsuwon ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲတွင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌လက်ခံ တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် နယ်စပ်ရေးရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ တပ်မတော် အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု များနှင့် လေ့ကျင့်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ စစ်ဘေးရှောင် ဒုက္ခသည် များအရေး ကိစ္စတို့ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြသည်။

ထိုသို့ တွေ့ဆုံရာ၌ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်အတူ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် နှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သတင်း ရရှိသည်။(၅၀၀)

မြ၀တီနေ့စဉ် ၊ စာ(၂)


No comments:

Post a Comment