Pages

▼

Wednesday, June 29, 2016

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ဆွေးနွေး


ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီ အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၉-၆-၂၀၁၆

ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း သည် ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို ယမန်နေ့နံနက် ၁၁ နာရီခွဲတွင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များ၊ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များ၊ အရွယ်မရောက် သေးသူ ကလေး သူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေး ကိစ္စရပ်များ၊ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ကိစ္စများနှင့် တိုက်ပွဲရှောင် ဒုက္ခသည်များ အရေးကိစ္စ တို့ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြသည်။

ထိုသို့ တွေ့ဆုံရာ၌ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် အတူ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သတင်း ရရှိသည်။ (၅ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment