Pages

Monday, June 6, 2016

လူတန်းစားအားလုံး အိမ်ပိုင်ဖြင့်နေနိုင်ရန် နိုင်ငံတကာကဲ့သို့ နှစ်ရှည်အရစ်ကျ ရောင်းချသည့်စနစ် ပြောင်းလဲရန်လိုအပ်



ရန်ကုန် ၊ ၆-၆-၂၀၁၆

မြန်မာနိုင်ငံ၌ လူတန်းစား အားလုံး အိမ်ပိုင်ဖြင့် နေနိုင်ရန် နှစ်ရှည် အရစ်ကျ ရောင်းချပေး နေသော ငွေပေးချေစနစ် ကို နိုင်ငံတကာ ကဲ့သို့ ပြောင်းလဲရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်းမှ သိရသည်။

လက်ရှိတွင် ပြည်တွင်း၌ အရစ်ကျစနစ်ဖြင့် ရောင်းချလျက် ရှိသည့် တိုက်ခန်းများသည် သုံးနှစ် သို့မဟုတ် လေးနှစ် အကျေပေး စနစ်ဖြင့် ရောင်းချခြင်းဖြစ်ရာ တိုက်ခန်းတန်ဖိုး နှင့် တွက်ဆကြည့်ပါက အခြေခံ လူတန်းစားများ အနေဖြင့် ဝယ်ယူရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။ 

''နိုင်ငံတကာမှာ ဆိုရင် ငွေပေးချေ စနစ်တွေက နှစ် ၃ဝ လောက် ဆိုတော့ ပုံမှန်ဝင်ငွေ ရှိတဲ့သူတိုင်းက အိမ်ဝယ်နိုင် ပါတယ်။ ဝယ်တဲ့သူ အတွက်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်ဘဲ သွင်းနိုင်ပါတယ်။ ဒီမှာကျတော့ ငွေပေးချေ စနစ်က မြန်တော့ တော်ရုံက အိမ်ပိုင် မဝယ်နိုင်ဘူး ဖြစ်နေတာပါ'' ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါ်မို့မို့အောင် က ပြောသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် တန်ဖိုးနည်း အိမ်ရာများကို တည်ဆောက်လျက် ရှိရာ ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ ကနောင်အိမ်ရာ စီမံကိန်းတွင် အခန်းပေါင်း ၈၄ဝ ခန်း၊ ယုဇနအိမ်ရာ အပိုင်း(၁)တွင် ၈၆၄ ခန်းနှင့် လှိုင်သာယာ မြို့နယ် ရွှေလင်ပန်း အပိုင်း (၃) တွင် ၅ဝ၄ ခန်း စုစုပေါင်း ၂၂ဝ၈ ခန်းကို ငွေကျပ် သိန်း ၁ဝဝ ခန့်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အိမ်ခြံမြေ ဈေးကွက်သည် အရောင်းအဝယ် အေးနေပြီး နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ လာရောက် လုပ်ကိုင်ရန် ကမ်းလှမ်းမှုများ ရှိသော်လည်း မြန်မာနိုင်ငံ၏ အိမ်ခြံမြေေ ဈးကွက်သည် ငှားရမ်းမှု များသာ များနေသေးကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်းမှ သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment