Pages

Tuesday, May 3, 2016

အခြေခံပညာ သူငယ်တန်း (KG) သင်ရိုးသစ်အတွက် ဆရာစွမ်းရည်မြှင့် သင်တန်းများ နိုင်ငံတစ်ဝန်းဖွင့်လှစ်ပေးနေ



ရန်ကုန် ၊ ၃-၅-၂၀၁၆

လာမည့် ပညာသင်နှစ်တွင် စတင်သင်ကြား ပို့ချမည့် အခြေခံပညာ သူငယ်တန်း KG သင်ရိုးသစ် အတွက် ဆရာ စွမ်းရည်မြှင့် သင်တန်းများကို နိုင်ငံတစ်ဝန်း၌ ဖွင့်လှစ် သင်ကြား ပေးနေပြီ ဖြစ်ကြောင်း သိရသည်။

သူငယ်တန်း စတင် တက်ရောက်မည့် ကလေးငယ် များအား သင်ရိုးသစ်ကို အသုံးပြု၍ ပညာ သင်ကြားသည့် စနစ်ကို ယခုနှစ် ကျောင်းဖွင့် ရာသီတွင် စတင် ဖော်ဆောင်ရန် စီစဉ်ထားရာ ယခုကဲ့သို့ မြန်မာ တစ်နိုင်ငံလုံးရှိ သူငယ်တန်းပြ ဆရာ၊ ဆရာမ များအား ဆရာစွမ်းရည်မြှင့် သင်တန်းများ သင်ကြား ပို့ချခြင်း ဖြစ်သည်။ 
အဆိုပါ သင်တန်းများကို ဧပြီလကုန်ပိုင်း တွင် စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး မေလလယ်ပိုင်း အထိ ဖွင့်လှစ် သင်ကြား ပို့ချပေး သွားမည် ဖြစ်ကြောင်း၊ ယင်း သင်တန်းများမှ သင်ကြားပေးသော နည်းစနစ် များကို အသုံးပြုကာ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် မှစ၍ ကျောင်းသား ဗဟိုပြု ပညာရေးစနစ် ကိုသာ စတင်ဖော်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

သူငယ်တန်း သင်ရိုးသစ်တွင် ကလေးငယ်များ အနေဖြင့် လေ့လာ သင်ယူသော နည်းစနစ်ဖြင့် ကလေးငယ် တစ်ဦးတွင် ရှိသင့်သော ဖွံ့ဖြိုးမှုငါးရပ် ဖြစ်သည့် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ အသိဉာဏ်၊ စာရိတ္တနှင့် လူမှု ဆက်ဆံရေး အပိုင်းကဏ္ဍ များကို ဦးစားပေး သင်ကြား သွားမည်ဖြစ်ပြီး မြန်မာစာ အက္ခရာများ၊ ကိန်းဂဏန်းများ အရေး လေ့ကျင့်ခြင်း နှင့် သင်ထောက်ကူ ပစ္စည်းများဖြင့် သင်ကြား ပို့ချခြင်း တို့ကိုလည်း ဆောင်ရွက်မည် ဖြစ်သည်။

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တွင် စတင် သင်ကြား ပို့ချမည့် သူငယ်တန်း သင်ရိုးသစ် သည် ကလေးငယ် များ၏ အခြေခံ စွမ်းရည်၊ တီထွင်နိုင်စွမ်း နှင့် စိတ်ဝင်စားမှု တို့ကို ဖွံ့ဖြိုး တိုးတက်စေမည့် အပြင် စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကိုလည်း မြှင့်တင်ပေး နိုင်လိမ့်မည် ဟု မျှော်မှန်း ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment