Pages

Thursday, May 5, 2016

ဇွန်လကုန်တွင် ကျင်းပမည့် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းများကို EURO ငွေတစ်မျိုးတည်းဖြင့် ရောင်းချပေးသွားမည်



ရန်ကုန် ၊ ၅-၅-၂၀၁၆

ဇွန်လကုန်တွင် ကျင်းပမည့် ကျောက်မျက် ပြပွဲတွင် ကျောက်စိမ်း ကျောက်မျက် များကို ယူရိုငွေ တစ်မျိုးတည်း ဖြင့်သာ ရောင်းချပေး သွားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ကျောက်မျက် ပြပွဲကို နေပြည်တော် ၊ မဏိရတနာ ကျောက်စိမ်းခန်းမ ၌ ဇွန်လကုန်ပိုင်း တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ကျောက်မျက် ပြပွဲတွင် ကျောက်စိမ်း၊ ကျောက်မျက် အတွဲများ တင်ပြ ရောင်းချလိုသော ပြည်တွင်း လုပ်ငန်းရှင်များ အနေဖြင့် ကျောက်စိမ်းတွဲ စာရင်းလျှောက်လွှာ များကို မေ ၁၁ ရက်အတွင်း ကျောက်စိမ်း လုပ်ငန်း ကုမ္ပဏီသို့ လျှောက်ထား နိုင်ကြောင်း သိရသည်။

ပြပွဲသို့ လာရောက် ဝယ်ယူလိုသော နိုင်ငံသား ကုန်သည်များ အနေဖြင့် သတ်မှတ် စပေါ်ငွေနှင့် အာမခံကြေးများ ပေးသွင်းရမည် ဖြစ်ပြီး မေ ၁၉ ရက်မှ ဇွန် ၁ဝ ရက်အတွင်း ကျောက်မျက်တွဲများ စစ်ဆေး လက်ခံခြင်း၊ အခြေခံ ရောင်းဈေးညှိနှိုင်း သတ်မှတ်ခြင်း စသည်တို့ကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment