Pages

Tuesday, May 3, 2016

ပဲခူးတိုင်းဒေသကြီး အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ စတင်ထွက်ခွာ


ပဲခူးတိုင်းဒေသကြီးအတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးမည့် တပ်မတော် နယ်လှည့်အထူးကု ဆေးအဖွဲ့ နေပြည်တော်မှ ထွက်ခွာစဉ်

နေပြည်တော် ၊ ၃-၅-၂၀၁၆

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် တပ်မတော် နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ စတင် ထွက်ခွာသည်။

အဆိုပါ အထူးကု ဆေးအဖွဲ့တွင် ပါရဂူ၊ ဆေးမှူးနှင့် သူနာပြုများ အပါအဝင် စုစုပေါင်း ၈၈ ဦးပါဝင်ပြီး ရွေ့လျားခွဲစိတ် ကုသယာဉ်၊ ရွေ့လျားဓာတ်မှန် ရိုက်ယာဉ်နှင့် ဓာတ်ခွဲယာဉ်များ ပါဝင်ကြောင်း သိရှိရပြီး အခြေပြုအဖွဲ့ တစ်ဖွဲ့နှင့် နယ်လှည့်အဖွဲ့ သုံးဖွဲ့ ဖြန့်ခွဲကာ ပဲခူးတိုင်း ဒေသကြီး ဆွာမြို့၊ အုတ်တွင်းမြို့ နှင့် ဇရပ်ကြီးမြို့တို့ရှိ ဒေသခံပြည်သူ များအား ရက်သတ္တ နှစ်ပတ်ခန့်ကြာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထို့အတူ တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) သည် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ဒေသခံပြည်သူ များအား လည်းကောင်း၊ တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် တနင်္သာရီတိုင်း ဒေသကြီးအတွင်း ဒေသခံပြည်သူ များအား လည်းကောင်း ကျန်းမာရေး  စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၂)

#Themyawadydaily

No comments:

Post a Comment