Pages

Thursday, May 26, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ ရောက်ရှိ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ၊ တပ်မတော် လေယာဉ်ကွင်း ( Wing 6) သို့ ရောက်ရှိစဉ်

နေပြည်တော် ၊ ၂၆-၅-၂၀၁၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira ၏ ဖိတ်ကြားချက် အရ ချစ်ကြည်ရေး ခရီး လည်ပတ်ရန် အတွက် မေ ၂၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်း ခရီးဖြင့် ထွက်ခွာခဲ့ရာ ဒေသ စံတော်ချိန် နံနက် ၉ နာရီ ၁ဝ မိနစ်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၊ တပ်မတော် လေယာဉ်ကွင်း (Wing 6) သို့ရောက်ရှိ ကြသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ထိုင်းဘုရင့် တပ်မတော် Deputy Chief of Joint Staff(1) ဖြစ်သူ General Tarnchaiyan Srisuwan နှင့်ဇနီး၊ ထိုင်းဘုရင့် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး Lieutenant General Thiwa Penketgorn ၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဝင်းမောင် နှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ် ချစ်ဆွေ တို့က လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment