Pages

Monday, May 23, 2016

ဈေးနှုန်းချိုသာပြီး အရည်အသွေး ပြည့်ဝသည့် အသည်းရောင် အသားဝါဘီပိုး ကာကွယ်ဆေး ထုတ်လုပ်နိုင်ခြင်းကြောင့် လူတန်းစားမရွေး ကာကွယ်ဆေး ထိုးနိုင်


ရန်ကုန် ၊ ၂၃-၅-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် စစ်ပြင်မြောက် ကျေးရွာရှိ အသည်းရောင် အသားဝါဘီပိုး ကာကွယ်ဆေး ထုတ်လုပ်သည့် စက်ရုံမှ ဈေးနှုန်းချိုသာပြီး အရည်အသွေး ပြည့်ဝသော ကာကွယ်ဆေးများ ထုတ်လုပ်ပေးလျက် ရှိသောကြောင့် အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး များကို လူတန်းစားမရွေး ဝယ်ယူထိုးနှံ နိုင်ပြီဖြစ်ကြောင်း သိရသည်။

အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးကို ယခင်က ပြည်ပမှ တင်သွင်းရကာ ဈေးကြီး သောကြောင့် လူတိုင်း မထိုးနိုင်ကြောင်း၊ လက်ရှိတွင် ဈေးနှုန်း သက်သာကာ အန္တရာယ်ကင်းပြီး ထိရောက်မှု ရှိသည့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့(WHO) ၏ GNP နည်းစနစ် အတိုင်း ထုတ်လုပ် ထားသည့် အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး ကို ပြည်တွင်း၌ ထုတ်ပေးနေသည့် အတွက် လူတန်းစား မရွေး ထိုးနှံနိုင်ကြောင်း သိရသည်။

လှည်းကူးမြို့နယ် စစ်ပြင်မြောက် ကျေးရွာရှိ အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး ထုတ်လုပ်သည့် စက်ရုံမှ ထုတ်လုပ်သော ကာကွယ်ဆေးတွင် အဓိက အရေးပါသည့် မျိုးဗီဇဆဲလ်ကို တောင်ကိုရီးယား နိုင်ငံ CJ ကုမ္ပဏီမှ လက်ခံရရှိခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ၌ အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး စက်ရုံ တည်ထောင်စဉ်မှ စတင်၍ CJ ကုမ္ပဏီသည် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

''လူလတ်ပိုင်း မှာဆို ဖြစ်ခဲပါတယ်။ နောက်ပြီးတော့ လူလတ်ပိုင်းမှာ ဖြစ်မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ခုခံအား ကောင်းတဲ့အချိန် တစ်ချိန်ချိန်မှာ ခန္ဓာကိုယ်က ပြန်ထွက် သွားနိုင်ပါတယ်။ ခုခံအား နည်းတဲ့ မွေးကင်းစကနေ အသက် ၁ဝ နှစ်အရွယ် ကလေးတွေက အန္တရာယ် အများဆုံးပါ။ သူတို့တွေမှာ ရောဂါပိုး ကူးစက်ခံရရင် ခန္ဓာ ကိုယ်ထဲကနေ ပြန်ပြီး မထွက်နိုင်တဲ့ အခါ ၉ဝ ရာခိုင်နှုန်း အထက်က နာတာရှည် အသည်းရောင် အသားဝါ ရောဂါသည် အနေနဲ့ ဖြစ်သွားမှာပါ'' ဟု စက်ရုံတာဝန်ခံ ဒေါက်တာ ခင်ခင်ထွေး ဆေးဝါးစက်ရုံ (ခွဲ) ရွာသာကြီး က ပြောသည်။

အသည်းရောင် အသားဝါ ဘီပိုးသည် ခုခံအားနည်းသည့် မွေးကင်းစ အရွယ်မှ အသက် ၁ဝ နှစ်အရွယ်အထိ ကလေးများ ကူးစက်နိုင်ပြီး အန္တရာယ် အလွန်များသည့် အပြင် နည်းမျိုးစုံဖြင့် လည်း လွယ်ကူစွာ ကူးစက်နိုင် သည့်အတွက် မွေးကင်းစ အရွယ်မှ စတင်၍ မည်သည့် အသက်အရွယ် မဆို ကာကွယ်ဆေး ထိုးထား သင့်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment