Pages

Monday, May 2, 2016

တိုင်းရင်းနနွင်း ခရုသင်းမှာသုံးသင့်လား


တိုင်းရင်းနနွင်း ခရုသင်းမှာသုံးသင့်လား

( ဒေါက်တာ အေးမင်းထူး )

နနွင်းကို အိန္ဒိယနိုင်ငံ အပါအဝင် အရှေ့တိုင်းမှာ ဟင်းခတ် အမွှေးအကြိုင် အနေနဲ့ သုံးတယ်။ မြန်မာ့ အစားအစာက ရှေးမြန်မာ ဘုရင်ခေတ် ကတည်းက အိန္ဒိယ အစားအစာနဲ့ ဆက်စပ်မှု ရှိတယ်။ နနွင်းကို အရေပြား၊ ပိုးဝင် ပြည်တည်နာ တွေကို  အဓိက သုံးတယ်။ တခြားသုံးလို့ ရတဲ့ ရောဂါတွေ များတယ်။    နနွင်းရဲ့ အဓိကအာနိသင် နှစ်ခုဖြစ်တဲ့ အရောင်ကျ စေတာနဲ့ ပိုးသတ်စေတာ ဖြစ်တယ်။ အဆစ် အမျက်ရောင်၊ ခေါင်းကိုက်၊ အဆုတ်ရောင်၊ အအေးမိ၊ အဖျား၊ ရာသီသွေး၊ ရင်ပူ၊ အစားအသောက် ပျက်၊ သန်ကောင်ထ၊ ဝမ်းပျက်၊ အစာအိမ်နာ၊ ဗိုက်နာ၊ ဝမ်းဖော ဝမ်းရောင်၊ ကျောက်ကပ်၊ အသည်းနဲ့ သည်းခြေအိတ် ရောဂါတွေမှာ သုံးကြတယ်။လေ့လာမှု တချို့က ကင်ဆာဖြစ်စ မှာ ပိုဆိုး မလာအောင် ကာကွယ်ပေး နိုင်တယ်လို့ ဆိုတယ်။ အသက်ကြီးသူ တွေမှာဖြစ်တဲ့ အယ်ဇိုင်းမား ရောဂါမှာ မှတ်ဉာဏ် ချို့ယွင်းမှုကို  ကာကွယ်ပေးတယ်။ ဘာလို့လဲ ဆိုတော့  ဦးနှောက်မှာ ပိတ်ဆို့နေတဲ့ Amyloid Plaque ကို ဖြိုခွဲပေးလို့ ဖြစ်တယ်။ 

အရေပြားနဲ့ ပတ်သက်ပြီး အသုံးများ ကြတယ်။ နနွင်းသုံးရင် အသားဝင်းတာ ကြားဖူး လိမ့်မယ်။ သီအိုရီအရ နနွင်းကို မုန်ညင်းဆီနဲ့ ရောပြီး အရေပြား တွေမှာ လိမ်းရင် အဖြူကွက် တွေကို ပြန်လည် ညီညာ စေတယ်တဲ့။ ဆိုလိုချင် တာက ခရုသင်း သက်သာ လာတဲ့ သဘော။ ဒါပေမဲ့ တကယ့် လက်တွေ့မှာ ပိုဆိုးစေသလား၊  သက်သာ စေသလား သေချာပေါက် ပြောမရပါ။ ဒါနဲ့ပတ်သက်လို့ ခရုသင်း လူနာတွေကို စမ်းသပ် ကြည့်တယ်။ ခရုသင်း သဘောက Catalase Levels များနေ တတ်တယ်။ အဲဒီများနေ တာကိုချဖို့ Pseudocatalase (PC-KUS) လိမ်းဆေးဆိုတာ သုံးတယ်။ လေ့လာကြည့်တဲ့ အခါ နနွင်းကြောင့်  ဆေးမတိုးတာ (ဒါမှမဟုတ်) ပိုဆိုးတာမျိုးထိ ဖြစ်နိုင်တယ်။  အထူးသဖြင့် နေ့စဉ်စားသုံး သူတွေ အထူးသတိပြု ရမယ်။

လေ့လာမှုတစ်ခု

နနွင်းကို နေ့စဉ်သုံးတယ်။ ခရုသင်း လိမ်းဆေး Pseudocatalase (PC-KUS ) ကို တစ်နေ့နှစ်ကြိမ် သုံးခိုင်းတယ်။ ခြောက်လ နေတော့ ပြန်ကြည့်တယ်။ ထူးခြား တိုးတက်မှု လုံးဝမရှိပါ။ တချို့ ပိုဆိုးလာ ပါတယ်တဲ့။ ဒါနဲ့ နောက်လေ့လာမှု တစ်ခု ဆက်တိုက် လုပ်တယ်။ နနွင်းသောက်သူ ထက်ဝက်ကို လုံးဝ ဖြတ်ခိုင်းပြီး  Pseudocatalase (PC-KUS ) ကို တစ်နေ့နှစ်ကြိမ် သုံးခိုင်းတယ်။ နှစ်လနေတော့ ပြန်လေ့လာ ကြည့်တယ်။ ခရုသင်းနာတွေ လျော့ပါးလာပြီး ခြောက်လ နေတဲ့အခါ မျက်နှာမှာ ခရုသင်း တော်တော်လေး သက်သာလာတာ တွေ့တယ်။

သုံးသပ်ချက်

အနောက်တိုင်း လူနာတွေမှာ ဒီလိမ်းဆေးက ထိရောက်တယ်။ ဒါပေမဲ့  အရှေ့တိုင်း မှာတော့ ထင်သလောက် မထိရောက်ဘူး။ ဘာကြောင့်ပါလဲ။ ဖြစ်နိုင်တာ တစ်ခုက အရှေ့တိုင်း အစားအစာမှာ ပုံမှန်အားဖြင့် ကို နနွင်းစားသုံးမှု များတယ်။ စားတယ်ဆိုတာ နေ့စဉ်ရက်ဆက် စားတာပါ။ ပုံမှန်အားဖြင့်ကို နနွင်း ပမာဏက မြင့်တက် ပြီးသားမို့ ဖြစ်နိုင်တယ်။

ဘာကို ပြပါသလဲ

နေ့စဉ်သုံးရင် အာနိသင် နည်းတယ်။ ထပ်တွေ့တာက အရှေ့တိုင်း အစားအစာမှာ ပုံမှန်အားဖြင့်ကို နနွင်းက ပါပြီးဖြစ်တယ်။ နနွင်းက အသားဖြူ စေတာ မှန်တယ်။ Hydro Peroxide ပမာဏများ စေတယ်။ ခရုသင်းရဲ့ အဓိက ပြဿနာက အဲဒါပဲ။ ခရုသင်းဖြစ်တဲ့ လူနာတွေမှာ Hydro Peroxide  ပမာဏက  သွေးထဲမှာရော အရေပြားထဲ မှာပါ မြင့်တက်နေတယ်။ Curumin(Diferuloy) ပါရင် ပိုဆိုး စေနိုင်တယ်။ နနွင်းသုံးစွဲမှုက ခရုသင်းမှာ အကျိုးမရှိပါ။ ဆေးအာနိသင်  ကိုတောင် လျော့သွားစေတယ်။ ဒါကြောင့် ခရုသင်းမှာ နနွင်း မသုံးသင့်ပါ။ သီအိုရီအရ ကောင်းပေမယ့် လက်တွေ့ လေ့လာမှုမှာ ပိုဆိုးနိုင်တယ်။

ရတနာပုံနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment