Pages

Thursday, May 26, 2016

ရန်ကုန်မြို့၌ ဒုတိယအကြိမ် လေထုညစ်ညမ်းမှု တိုင်းတာပြီးစီးပါက ရလဒ်အပေါ်မူတည်၍ ညစ်ညမ်းမှု လျှော့ချနိုင်ရန် ဆောင်ရွက်သွားမည်



ရန်ကုန် ၊ ၂၆-၅-၂၀၁၆

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီသည် ရန်ကုန်မြို့၌ ဒုတိယအကြိမ် လေထု ညစ်ညမ်းမှု တိုင်းတာခြင်းကို စတင်ပြုလုပ် နေပြီဖြစ်ကာ တိုင်းတာမှုများ ပြီးစီးပါက ရလဒ်အပေါ် မူတည်ကာ လေထု ညစ်ညမ်းမှုကို လျှော့ချနိုင်ရန် အဖွဲ့အစည်း များဖွဲ့စည်း၍ စီမံဆောင်ရွက် သွားမည်ဖြစ် ကြောင်း လေထု ညစ်ညမ်းမှုနှင့် ထိန်းချုပ်ရေး ဌာနမှ သိရသည်။

ရန်ကုန်မြို့၌ လေထု ညစ်ညမ်းမှု တိုင်းတာခြင်းများကို ၂ဝဝ၉ ခုနှစ်မှ စတင်၍ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ၂ဝ၁၅ ခုနှစ်တွင် ရန်ကုန် တစ်မြို့လုံး တိုင်းတာခဲ့ပြီး စံနှုန်းအဖြစ် သတ်မှတ်ကာ လက်ရှိတွင် ဒုတိယအကြိမ် တိုင်းတာမှုများ လုပ်ဆောင် နေကြောင်း သိရသည်။

၂ဝဝ၉ ခုနှစ်တွင် ပထမဆုံးအကြိမ် အဖြစ် ရန်ကုန်တစ်မြို့လုံးကို တိုင်းတာနိုင်ခြင်း မရှိဘဲ မဟာဗန္ဓုလ ပန်းခြံရှေ့၊ ဘုရင့်နောင် သစ်တောရုံးနှင့် အင်းလျားကန်ပေါင် သုံးနေရာတို့ကို တိုင်းတာခဲ့ရာ လေထုထဲတွင် အမှုန်များ၊ ကာဗွန်ဒိုင် အောက်ဆိုက် နှင့် မီသိန်းဓာတ်ငွေ့ အများအပြား ရှိနေကြောင်း သိရသည်။ 

၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ တွင် ရန်ကုန်တစ်မြို့လုံး တိုင်းတာနိုင်ရန် အလျားလိုက်၊ ဒေါင်လိုက်အကွက် များဖြင့်ပုံဖော်ပြီး ထောင့်စုံသည့် နေရာ ၆၇ နေရာကို သတ်မှတ်တိုင်းတာ ခဲ့ပြီး နေရာသုံးနေရာ ၌ စက်သုံးခုကို တပ်ဆင်၍ တိုင်းတာခဲ့ပြီး ကျန်သည့် ၆၄ နေရာကို စက်တစ်ခုဖြင့် ရွေ့လျားတိုင်းတာ မှုများ ပြုလုပ်ခဲ့ရာ ၂ဝ၁၆ ခုနှစ် မေလတွင် ရန်ကုန် တစ်မြို့လုံးကို တိုင်းတာမှု ပြုလုပ်နိုင်ခဲ့ကာ လေထုထဲတွင် မီသိန်းဓာတ်ငွေ့၊ ကာဗွန်ဒိုင် အောက်ဆိုက်၊ ကာဗွန် မိုနောက်ဆိုက်၊ ဆာလဖာ ဒိုင်အောက်ဆိုက်နှင့် အမှုန်များ သည် WHO မှ သတ်မှတ်ထားသော စံချိန်ထက် ကျော်လွန်နေကြောင်း ထုတ်ပြန်ထားသည်။

''ဒုတိယအကြိမ် တိုင်းတာမှုက ၁၈ နေရာလောက် ပြီးစီးနေပြီ ဖြစ်ပါတယ်။ တိုင်းတာမှု အားလုံးပြီးစီးမှပဲ ထုတ်ပြန်လို့ ရပါမယ်။ ရန်ကုန် တစ်မြို့လုံးကို ကိုယ်စားပြုတဲ့ အတွက် ၆၇ နေရာစလုံး ပြီးစီးမှ ပြည်သူတွေ သိအောင် ထုတ်ပြန်လို့ရမှာ ဖြစ်ပါတယ်'' ဟု လေထု ညစ်ညမ်းမှုနှင့် ထိန်းချုပ်ရေး ဌာနမှ လက်ထောက် အင်ဂျင်နီယာချုပ် ဦးအောင်မြင့်မော် က ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment