Pages

Friday, May 6, 2016

တပ်မတော်များအချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေး


ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြိး မစ္စစ် အန်အော်လီစတက် အား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၆-၅-၂၀၁၆

ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း သည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အဖွဲ့ရုံးမှ သံအမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာ ကို ယမန်နေ့ နံနက် ၉ နာရီတွင် လည်းကောင်း၊ နော်ဝေနိုင်ငံ သံရုံးမှ မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေ သံအမတ်ကြီး မစ္စစ် အန်အော်လီစတက် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို နံနက် ၁ဝ နာရီတွင် လည်းကောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ သီးခြားစီ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် တပ်မတော်များ အချင်းချင်း အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းစဉ်များ၊ ပင်လယ် ကမ်းရိုးတန်းဒေသ များအတွင်း တပ်မတော်၏ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းစဉ်များနှင့် နယ်စပ်ဖြတ်ကျော် ခိုးဝင်ဒုက္ခသည် များအရေး ကိစ္စတို့ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment