Pages

Thursday, May 26, 2016

တမူးမြို့နယ် ကျွန်းပင်သာရွာ အနီးရှိ နန့်တလက်ချောင်းတံတား အား ပစ်ခတ်မှုဖြစ်ပွား


တမူးမြို့နယ် ကျွန်းပင်သာကျေးရွာ အနီးရှိ နန့်တလက်ချောင်းတံတား ကို တွေ့ရစဉ်

ရှာဖွေသိမ်းဆည်းရမိသော ကျည်ခွံများကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၆-၅-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့နယ်၊ ကျွန်းပင်သာ ကျေးရွာအနီး၌ ယမန်နေ့နံနက် ၆ နာရီ ၂ဝ မိနစ်မှ ၃ဝ မိနစ်အထိ သေနတ် ပစ်ခတ်သံများ ကြားသိရသဖြင့် တပ်မတော်သား များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော အဖွဲ့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ ကျွန်းပင်သာ ကျေးရွာအနီးရှိ နန့်တလက်ချောင်း တံတား၏ ရေလယ်တိုင် လေးတိုင်မြောက် အောက်ခံ သံပေါင်၌ အကျယ် ၄ လက်မ အနက် ၁ လက်မခန့်ရှိ ချိုင့်ဝင်အရာ တစ်ခုနှင့် လက်နက်ငယ်ကျည် ထိမှန်ထားသည့် အရာများကို စစ်ဆေးတွေ့ရှိ ရသည်။

ထို့ပြင် တံတား၏ အနောက်ဘက် မီတာ ၃ဝဝ ခန့်အကွာ၌ ၈၄ မမ ကျည်ခွံငါးခု၊ ၇ ဒသမ ၆၂ ကျည်ခွံ ၁၇၈ ခု၊ ၃ဝ မမ ကျည်ခွံ ၃၆ ခုနှင့် ၃ဝ မမ ကျည်ခါးပတ်တွဲ နှစ်တွဲတို့အား ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။ တွေ့ရှိ ကျည်ခွံများအရ တစ်ဖက် အိန္ဒိယနိုင်ငံ တပ်မတော် နှင့် အခြားအစိုးရ ဆန့်ကျင် လက်နက်ကိုင် အဖွဲ့အစည်းများ အသုံးပြုသည့် ခဲယမ်း အမျိုးအစားများ ဖြစ်၍ တစ်ဖက်နိုင်ငံသို့ ကန့်ကွက်စာ ပေးပို့သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment