Pages

Tuesday, May 31, 2016

ပန်းခြံငှားရမ်းခများ ကာလပေါက်ဈေးနှင့် မညီညွတ်၍ ပြင်ဆင်သတ်မှတ်


ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်

ရန်ကုန် ၊ ၃၁-၅-၂၀၁၆

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်း ဌာနသည် ပန်းခြံပေါင်း ၆၃ ခြံအား ကြီးကြပ် ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပြီး ၄င်းပန်းခြံ များအနက် ဝင်ငွေရလုပ်ငန်း အဖြစ် ပန်းခြံ ၁၂ ခြံအား ငှားရမ်းဆောင်ရွက် ထားသည်။ ငှားရမ်းခ များမှာ ခေတ်ကာလ ပေါက်ဈေးနှင့် ညီညွတ်မှု မရှိ၍ ငှားရမ်းခ ဈေးနှုန်းများ ပြင်ဆင် သတ်မှတ် ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ သည် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ် အတွင်း သဘာဝဥယျာဉ် ကမ္ဘာကုမ္ပဏီ သို့ ၂ဝဝ၉ ခုနှစ် တွင် လည်းကောင်း၊ မြကျွန်းသာ အပန်းဖြေ ဥယျာဉ် အတွင်းရှိ ကုမ္ပဏီ ရှစ်ခုအား ၂ဝ၁ဝ ပြည့်နှစ်တွင် လည်းကောင်း၊ ကန်တော်ကြီး သဘာဝ ဥယျာဉ်အတွင်း ဇေကမ္ဘာ ကုမ္ပဏီသို့ ကရဝိက်  ဥယျာဉ်မြေ နေရာအား ၂ဝ၁ဝ ပြည့်နှစ် တွင်လည်းကောင်း အသီးသီး ငှားရမ်းခဲ့သည်။ ၄င်းအပြင် သာကေတ မြို့နယ် ရှုခင်းသာ အပန်းဖြေ ဥယျာဉ်အား Media One Co.,Ltd. နှင့် မြောက်ဥက္ကလာပ မြို့နယ် ကန်သာယာ ပန်းခြံအား ဖူးပွင့်စံ ကုမ္ပဏီတို့ထံ သတ်မှတ် စာချုပ် စည်းမျဉ်း စည်းကမ်း များနှင့် ငှားရမ်း ထားသည်။

ငှားရမ်းမှု များအား စာချုပ်ပါ စည်းကမ်းအရ နှစ်စဉ်တိုးမြှင့် ကောက်ခံလျက် ရှိပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှ ပြည်သူ့ရင်ပြင် နှင့်ပြည်သူ့ ဥယျာဉ်အား ကျပ်သိန်း ၂၅ဝဝ၊ မြကျွန်းသာ အတွင်းမှ ကုမ္ပဏီ ရှစ်ခုအား မူလငှားရမ်းခ ၏ ၁ဝ ရာခိုင်နှုန်း တိုးမြှင့်၍ လည်းကောင်း၊ ကရဝိက် ဥယျာဉ် နယ်မြေအား ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှ ကျပ်သိန်း ၆ဝဝ တိုးမြှင့် ကောက်ခံ၍ လည်းကောင်း၊ ရှုခင်းသာ အပန်းဖြေ ဥယျာဉ်အား နှစ်စဉ် မြေငှားရမ်းခ ၆၇ဝ၆၈ သိန်းဖြင့် လည်းကောင်း ကောက်ခံ ဆောင်ရွက်လျက် ရှိသည်။

ကန်သာယာ ပန်းခြံသည် တည်ဆောက်ဆဲ ကာလဖြစ်၍ မြေငှားရမ်းခ ပရီမီယံကြေး ကျပ် ၂၄၅ သိန်းရရှိခဲ့ပြီး တစ်နှစ် မြေငှားရမ်းခ ငွေကျပ် သိန်း ၃ဝဝ အား ၂ဝ၁၇ တွင် ပေးသွင်း စေမည်ဖြစ်ကာ ဦးဥတ္တမ ပန်းခြံတွင် ကော်မတီ ဝင်ငွေရ ဆိုင်ခန်း ခြောက်ခန်း ငှားရမ်းထား ရှိပြီး နှစ်စဉ် ၁ဝ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံလျက် ရှိသည်။

ကော်မတီ ဝင်ငွေရ ဆိုင်ခန်းငယ်များ အနေဖြင့် ပဒုမ္မာပန်းခြံတွင် ၅၂ ဆိုင်၊ ပိုစတာ ပန်းခြံတွင် ၂ဝ ဆိုင်၊ ဒဂုံပန်းခြံတွင် ၁ဝ ဆိုင်၊ ဆရာစံ ပန်းခြံတွင် ငါးဆိုင်၊ ဒဂုံတောင် ပန်းခြံတွင် နှစ်ဆိုင်၊ မြိုင်ဟေဝန် ပန်းခြံတွင် ငါးဆိုင်၊ အင်းစိန် ပန်းခြံတွင် ခုနစ်ဆိုင် စုစုပေါင်း ၁ဝ၁ ဆိုင်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး ရည်ရွယ် ငှားရမ်းထား ရှိသော ဆိုင်ခန်းဖြစ်သည့် အတွက် ဝင်ငွေတိုးမြှင့်ခြင်း မရှိဘဲ ငှားရမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment