Pages

Tuesday, May 24, 2016

ခုံးကျော်တံတားများ တည်ဆောက်ခွင့်ရသော ကုမ္ပဏီများအနေဖြင့် တည်ဆောက်ပြီးငါးနှစ်အထိ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် စည်းကမ်းချက်များ သတ်မှတ်ထား



ရန်ကုန် ၊ ၂၄-၅-၂၀၁၆

ရန်ကုန်မြို့၌ ခုံးကျော် တံတားများ တည်ဆောက်ခွင့် ရသော ဆောက်လုပ်ရေး ကုမ္ပဏီများ အနေဖြင့် တည်ဆောက် ပြီးစီးသွားသော တံတားများကို တည်ဆောက်ပြီး ငါးနှစ်အထိ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် စည်းကမ်းချက် များ ထည့်သွင်း သတ်မှတ် ထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်း၊ တံတား) မှ သိရသည်။

ယာဉ် အသွားအလာ များသော လမ်းဆုံများ၌ ယာဉ်ကြော ကျပ်တည်းမှု ပိုမိုများပြား လာသည့်အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ခုံးကျော် တံတားများ ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး တည်ဆောက် ပြီးစီးခဲ့သည့် ခုံးကျော် တံတားများ ပြုပြင်ထိန်းသိမ်း ရာတွင် တံတား ဆောက်လုပ် ခဲ့သည့် ဆောက်လုပ်ရေး ကုမ္ပဏီများက ခုံးကျော်တံတား များကို နှစ်စဉ် ပြန်လည် စစ်ဆေးရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ခုံးကျော်တံတား များ၏ ရက်မတန်း များအကြား ဆက်သွယ် ထားသည့် Expension Joint များစစ်ဆေးခြင်း နှင့် တံတားတိုင် များနှင့် ရက်မတန်းများ အကြား ခုခံထားသည့် ရော်ဘာတုံး များ၏ ကြံ့ခိုင်မှု စစ်ဆေးခြင်းကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်း၊ တံတား)မှ ပုံမှန် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ တွင်းရှိ ခုံးကျော် တံတားများကို စီမံကိန်းအရ ပြည်တွင်း ဆောက်လုပ်ရေး ကုမ္ပဏီများ ဖြစ်သည့် ဒိုင်းမွန်းစတား အုပ်စု၊ ရွှေတောင်၊ FMI ၊ Golden Crown နှင့် Myanmar V-pile တို့က ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး မြေနီကုန်း ခုံးကျော်တံတား၊ လှည်းတန်း ခုံးကျော်တံတား၊ ရှစ်မိုင် ခုံးကျော်တံတား၊ ရွှေဂုံတိုင် ခုံးကျော်တံတား၊ ဘုရင့်နောင် ခုံးကျော်တံတား၊ ကုက္ကိုင်း ခုံးကျော်တံတား နှင့် တာမွေ ခုံးကျော်တံတား စုစုပေါင်း တံတား ခုနစ်စင်းတို့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ဘတ်ဂျက်ဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကာ စုစုပေါင်း ငွေကျပ် ၁၂၆ ဘီလီယံ အထိ အကုန်အကျခံ တည်ဆောက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment