Pages

Friday, May 27, 2016

ပြည်ပသို့တင်ပို့ရန် ကန့်သတ်ထားသော ပို့ကုန် ၁၂ မျိုးအနက် တချို့ကိုဖြေလျှော့တင်ပို့ခွင့်ပြုနိုင်ရေး ဆောင်ရွက်သွားမည်



ရန်ကုန် ၊ ၂၇-၅-၂၀၁၆

မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့ရာတွင် ကန့်သတ်ထားသော ပို့ကုန် ၁၂ မျိုးအနက် တချို့ကို ဖြေလျှော့ တင်ပို့ခွင့်ပြု နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ပြည်ပပို့ကုန် အဖြစ် တင်ပို့ခွင့် မပြုထားသည့် ကုန်ပစ္စည်း ၁၂ မျိုးအနက် ပန်းနှမ်းဆီ၊ နေကြာ နှင့် နေကြာဆီ စသည့်သုံးမျိုးကို ကနဦး အနေဖြင့် ပြည်ပသို့ တင်ပို့နိုင်ရန် ဖြေလျှော့ ပေးသွားမည် ဖြစ်ပြီး ကျန်ရှိ နေသေးသော ကုန်ပစ္စည်းများ ထဲမှ တချို့သော ပို့ကုန်များ ကိုလည်း ထပ်မံ ဖြေလျှော့ ပေးနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ဆက်လက်ညှိနှိုင်း သွားမည် ဖြစ်ကြောင်း၊ အလားတူ ရက် ၁ဝဝ စီမံချက်အတွင်း ပို့ကုန်သွင်းကုန် များနှင့် ပတ်သက်၍ အွန်လိုင်းစနစ် အပြည့်အဝ သုံးစွဲနိုင်ရေးကို ထောက်ခံချက် ရယူရန် မလိုအပ်သည့် ကုန်ပစ္စည်းများနှင့် လက်ခစား အထည်ချုပ် လုပ်ငန်းများ အတွက် လျှောက်ထားမှုများ ကိုလည်း ဦးစွာ ဆောင်ရွက် သွားရန်စီစဉ် ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ပို့ကုန်သွင်းကုန် လုပ်ငန်းများတွင် ခေတ်နှင့် လျော်ညီစွာ ရှိစေရေးအတွက် သက်ဆိုင်ရာ ဌာနမှ ဖြေလျှော့ပေးခြင်း များကို ဆက်တိုက် ဆောင်ရွက် ပေးလျက်ရှိပြီး ပို့ကုန်ကဏ္ဍ တိုးတက်ရေး အတွက် တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် ကတ်များ ထုတ်ပေးကာ ပို့ကုန်ကဏ္ဍအား မြှင့်တင်ပေး ခဲ့ကြောင်း၊ အလားတူ ပြည်ပမှ တင်သွင်းလာသော ကုန်ပစ္စည်း H.S Code Line ၁ဝဝဝ ကျော်အတွင်းမှ ထောက်ခံချက် ရယူရန် မလိုအပ်သော တချို့လိုင်း များကို ထပ်မံဖြေလျှော့ ပေးသွားမည် ဖြစ်ကြောင်း၊ လိုင်စင်များ လျှောက်ထား ရာတွင် နေပြည်တော် နည်းတူ ရန်ကုန် ပို့ကုန်သွင်းကုန် ရုံး၌ ပြင်ဆင် ဖြေလျှော့ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် လက်ရှိတွင် ပြည်ပ ပို့ကုန်တင်ပို့မှု သုံးဆ တိုးတက်လာရန် ကဏ္ဍအလိုက်၊ နှစ်အလိုက် တိုးမြှင့် တင်ပို့မည့် ပို့ကုန်များနှင့် ပတ်သက်၍ စတင် ဆောင်ရွက်လျက် ရှိသည်။

လက်ရှိ အခြေအနေတွင် ပြည်ပပို့ကုန် တင်ပို့မှုထက် ပြည်ပမှ တင်သွင်းမှုသာ များပြားနေပြီး ပို့ကုန်ကဏ္ဍ အတွက် ဖြေလျှော့ ပေးခြင်းများကို မဖြစ်မနေ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment