Pages

Thursday, May 26, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ ထိုင်းနိုင်ငံသို့ ထွက်ခွာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၂၆-၅-၂၀၁၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira ၏ ဖိတ်ကြားချက် အရ ချစ်ကြည်ရေးခရီး လည်ပတ်ရန် အတွက် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော် မှ ထိုင်းနိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ နှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံရုံး ဒုတိယ အကြီးအကဲ Mr. Chainarong Keratiyutwong ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်း(ကြည်း)တပ် စစ်သံမှူး Colonel Salawin Uttarak ၊ ရေတပ်စစ်သံမှူး Captain Apakorn Youkongkaew နှင့် တာဝန်ရှိသူ များက နေပြည်တော် လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက် ကြသည်။

မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့တွင် အဖွဲ့ဝင်များ အဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ လိုက်ပါ သွားကြောင်းနှင့် ခရီးစဉ် အတွင်း ထိုင်းနိုင်ငံ အစိုးရနှင့် ထိုင်းဘုရင့် တပ်မတော် တို့မှ အကြီးအကဲ များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment