Pages

Wednesday, April 27, 2016

အာကာသတွင်းမှ အနီရောင်စတုရန်းပုံ အလင်းကွက်ကြီးကို နာဆာပိုင် ဟပ်ဘယ် တယ်လီစကုပ်ကြီးက ဓာတ်ပုံရိုက်ကူးနိုင်ခဲ့



ဝါရှင်တန် ၊ ၂၇-၄-၂၀၁၆

ပြီးခဲ့သည့် နှစ်ပေါင်း ၃ဝ တွင် စတင်တွေ့ရှိ ခဲ့ပြီး ယနေ့တိုင် အဖြေရှာနေဆဲ ဖြစ်သော အာကာသတွင်းမှ အနီရောင် စတုရန်းပုံ အလင်းကွက် ကြီးကို နာဆာပိုင် ဟပ်ဘယ် တယ်လီစကုပ် ကြီးက အမိအရ ဓာတ်ပုံ ရိုက်ကူးနိုင် ခဲ့ကြောင်း သိရသည်။

အဆိုပါ အနီရောင် စတုရန်းပုံ အလင်းကွက်ကြီး သည် အာကာသ တိမ်တိုက်၊ ဓာတ်ငွေ့ နှင့် အမှုန်များဖြင့် ပြည့်နှက် နေသည်ဟု ယူဆရပြီး မကြာမီ သက်တမ်း ကုန်ဆုံး တော့မည့် Star HD 44179 ကြယ်ကြီး တဖြည်းဖြည်း ပြိုကွဲလွင့်စဉ် ရာမှ ဖြစ်ပေါ်လာသော အလင်းကွက် ကြီးဟု သုတေသီ များက ယူဆကြသည်။

ယခု နောက်ဆုံးရရှိ ခဲ့သော အနီရောင် စတုရန်းကွက် ၏ ဓာတ်ပုံကို အသုံးပြုကာ ၄င်း စတုရန်းကွက် တွင် သဘာဝအတိုင်း ပါဝင်နေသော အရာများကို စူးစမ်းလေ့လာ သွားမည်ဖြစ်ပြီး တကယ်တမ်းတွင် လေးထောင့် ပုံစံထက် အင်္ဂလိပ် အက္ခရာ X ပုံစံ ဖြစ်နေသည်ကို တွေ့ရှိရ၍ ထောင့်လေးထောင့် ကိုလည်း တောက်ပသော ဓာတ်ငွေ့များက လှေကားသဖွယ် ယှက်ဖြာ ချိတ်ဆက်ပေး နေကြောင်း သိရသည်။

''ဒီအနီရောင် စတုရန်းကွက် ရဲ့ အလယ်မှာ တောက်ပနေတာ သူ့ကြယ်ပါ။ ကမ္ဘာရဲ့ နေလိုမျိုးပါပဲ။ ဒီ စတုရန်းကွက် ပေါ်လာတာဟာ ဒီကြယ်တစ်စစီ ပျက်စီးနေလို့ပဲ ဖြစ်ပါတယ်။ နောက်ဆိုရင် ဒီအနီရောင် အလင်းကွက်ကြီး ဟာ ဒီထက်ပိုကြီး လာမယ်လို့ ခန့်မှန်းရ ပါတယ်'' ဟု သုတေသီ တစ်ဦးက ပြောပြသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment