Pages

Sunday, April 24, 2016

သဘာဝအရင်းအမြစ်များ နှင့် ရိုးရာယဉ်ကျေးမှု ဓလေ့များ တည်ရှိသည့် သီပေါမြို့သို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှု ပိုမိုများပြား



သီပေါ ၊ ၂၄-၄-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့သည် မန္တလေး၊ လားရှိုး၊ မူဆယ်သွား ပြည်ထောင်စု လမ်းမကြီးပေါ်၌ တည်ရှိပြီး လှပ ထင်ရှားသော ရှေးမြို့တစ်မြို့ ဖြစ်သဖြင့် နေ့စဉ်နှင့် အမျှ နိုင်ငံခြားသား ခရီးသွားများ ဝင်ထွက် သွားလာနေသော နေရာဒေသ တစ်ခု ဖြစ်သည်။

နိုင်ငံခြားသား ခရီးသွား ဧည့်သည် များသည် မြို့နယ်အတွင်းရှိ ကျေးလက်ဒေသ အသီးသီးသို့ အုပ်စုလိုက် သွားရောက် လေ့လာကြပြီး သဘာဝ အရင်းအမြစ်များ နှင့် ဆောက်လုပ် နေထိုင်ကြသည့် တိုင်းရင်းသား ရိုးရာ နေအိမ်များ၊ ရှေးဟောင်း သမိုင်းဝင် ဘော်ကြို ဘုရားကြီးနှင့် တန်ခိုးကြီး ဘုရားများကို ဖူးမြော်ကြပြီး သီပေါ စော်ဘွားကြီး စပ်အုံကြာ ဆောက်လုပ်နေထိုင်သွားသည့် ဟော်နန်းနှင့် သဘာဝ အရင်းအမြစ်များ အတိုင်း တည်ရှိသော ရေတံခွန် များ၊ ဒုဋ္ဌဝတီမြစ်ဆုံ အလှများကို ခြေကျင်နှင့် တစ်မျိုး၊ စက်ဘီးနှင့် တစ်ဖုံ၊ စက်လှေများဖြင့် တစ်သွယ် သွားရောက် အပန်းဖြေ လေ့လာ ကြသည်။

သီပေါမြို့ (အုန်းတောင်မြို့) သည် အကွက်အကွင်း ကျနစွာ တည်ဆောက် ထားသည့်အပြင် လှပသော တောင်ပြာတန်းများ ဝန်းရံထားခြင်း၊ ဒုဋ္ဌဝတီမြစ်ကြီးမှာ လည်း မြွေကြီးတစ်ကောင် ပမာနှယ် မြို့ကိုရစ်ခွေ စီးဆင်းနေခြင်း များကြောင့် သဘာဝ ပန်းချီကားချပ် ကြီးပမာ မြို့နှင့် ပနံတင့် လှပေသည်။ ဒေသခံ တိုင်းရင်းသားများ ၏ ရိုးသားဖြူစင် ရိုင်းပင်းကူညီ စောင့်ရှောက် တတ်သော စေတနာ၊ မေတ္တာ၊ အလှတရား များကြောင့် လည်း ကမ္ဘာလှည့်  နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ယခင်ထက် ပိုမိုလာရောက် လည်ပတ်ကြခြင်း ဖြစ်ကြောင်း ဧည့်သည် နိုင်ငံခြားသား တစ်ဦးက ပြောပြ၍ သိရသည်။

စိုင်း (သီပေါ)

ရတနာပုံနေ့စဉ် ၊ စာ(၂၀)

No comments:

Post a Comment