Pages

Monday, April 25, 2016

၂၀၁၆ ခုနှစ် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုများအဖြစ် ကျောက်ပန်းတောင်း မြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း ၇၆ ကျောင်း၌ ဆောင်ရွက်



ကျောက်ပန်းတောင်း ၊ ၂၅-၄-၂၀၁၆

၂ဝ၁၆ ခုနှစ် အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှုများ အဖြစ် မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်း မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၁၅ အုပ်စု ကျေးရွာပေါင်း ၇၅ ရွာမှ အခြေခံပညာ ကျောင်းပေါင်း ၇၆ ကျောင်း၌ နေရာချထားပြီး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

''ကျွန်မတို့က မြင်းခြံ ဒီဂရီကောလိပ် က ကြီးကြပ်သူ ဆရာ၊ ဆရာမ ၁၅ ဦးနဲ့ သင်တန်းနည်းပြ အဖြစ် ဆောင်ရွက် ကြမယ့် ကျောင်းသား၊ ကျောင်းသူ ၁ဝ၃ ဦး စုစုပေါင်း ၁၁၈ ဦးရှိပါတယ်။ ကျွန်မတို့ အနေနဲ့ ကလေးတွေနဲ့ ကျေးရွာတွေမှာ ရှိတဲ့ စာမတတ်သူ မိဘပြည်သူ တွေကို အခြေခံ စာတတ်မြောက်ရေး အတွက် ကူညီသင်ကြား ပေးရုံတင် မဟုတ်ပါဘူး။ ကျေးလက်နေ ပြည်သူတွေရဲ့ လက်ရှိဘဝကို ကျောင်းသားတွေ အနေနဲ့ မျက်မြင် ကိုယ်တွေ့ သိမြင်ပြီး နောင် တစ်ချိန်မှာ ကျေးလက် ဒေသရဲ့ လိုအပ်ချက် တွေကို ပြန်လည် ဖြည့်ဆည်းပေး နိုင်သူတွေ ဖြစ်စေချင် လို့ပါ။ အဲဒီ ရည်ရွယ်ချက် တွေနဲ့ အခုလို လုပ်ငန်းကို ဆောင်ရွက် ပေးခြင်း ဖြစ်ပါတယ်'' ဟု ကြီးကြပ်သူ ဆရာမ ဒေါ်ကြူကြူစန်း (နည်းပြ၊ ပထဝီဝင်ဌာန) က ပြောသည်။

အဆိုပါ အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှုများ အဖြစ် ဧပြီ ၁ ရက်မှ မေ ၁၅ ရက်အထိ ၄၅ ရက် သတ်မှတ် ထားကြောင်း သိရသည်။

ယင်းကဲ့သို့ စေတနာ့ဝန်ထမ်း အဖြစ် စာတတ်မြောက်ရေး လှုပ်ရှားမှု ဆောင်ရွက်သွား ကြမည့် ကြီးကြပ်သူ များနှင့် နည်းပြအဖြစ် ဆောင်ရွက်ကြမည့် ကျောင်းသား၊ ကျောင်းသူ များသည် သက်ဆိုင်ရာမြို့နယ်အလိုက်
ဆရာ၊ ဆရာမများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်သည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment