Pages

Thursday, April 21, 2016

အစားအသောက်သိပ္ပံ နည်းပညာဘာသာရပ်ကို ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၌ ဒီဂရီဘွဲ့ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိ



ရန်ကုန် ၊ ၂၁-၄-၂၀၁၆

အစားအသောက် သိပ္ပံနည်းပညာ ဘာသာရပ်ကို ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်၌ ဒီဂရီဘွဲ့ ပေးအပ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိရာ ယင်း ဘာသာရပ်တွင် စိုက်ပျိုးရေးနှင့် ပတ်သက်သော အသီးအနှံ၊ ဆန်မှအရက် ထုတ်လုပ်နည်း၊ ဖျော်ရည် ပြုလုပ်နည်းနှင့် ယိုပြုလုပ်နည်း တို့ကို သင်ကြားပေးမည် ဖြစ်ကြောင်း ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အစားအသောက် သိပ္ပံနည်းပညာ ဘာသာရပ်ကို အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်း နှင့် ဗီယက်နမ်နိုင်ငံ တို့၌ အစားအသောက် သိပ္ပံနည်းပညာ သီးသန့်ဌာန အဖြစ် အသီးအနှံများ သာမက အသား၊ ငါး၊ နွားနို့နှင့် ဒိန်ချဉ် စသည်တို့ကိုပါ သုတေသန ပြုလုပ် နေကြောင်း သိရသည်။

ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၌ အဆိုပါ ဘာသာရပ်နှင့် ပတ်သက်၍ အဆင့်မြင့် ပညာများ လေ့လာနိုင်ရန် နှင့် နိုင်ငံတကာတွင် သင်ကြားနေသော အစားအသောက်နှင့် ပတ်သက်သည့် ဘာသာရပ်ကို သင်ကြားနိုင်ရန် တောင်ကိုရီးယား နိုင်ငံရှိ Mokpo အမျိုးသားတက္ကသိုလ် နှင့် နှစ်နှစ်ကြာ နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးပြီး ကူညီ ပေးမည်ဖြစ်သည်။

ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် တောင်ကိုရီးယား နိုင်ငံရှိ Mokpo အမျိုးသား တက္ကသိုလ်သည် စိုက်ပျိုးရေး ပညာရှင်များ လေ့ကျင့်မွေးထုတ် ပေးရေးနှင့် လယ်ယာကဏ္ဍ နည်းပညာ ဖလှယ်ရေးဆိုင်ရာ နှစ်ဖက် ပညာရှင် အချင်းချင်း ပူးပေါင်း ဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာ (MoU) ကို ရေးထိုးထားပြီး ၂ဝ၁၇ ခုနှစ်တွင် ပြီးဆုံးမည် ဖြစ်သည်။

ပြီးခဲ့သည့် MoU ကာလ နှစ်နှစ်အတွင်း Mokpo အမျိုးသား တက္ကသိုလ်သည် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၌ အစားအသောက် နည်းပညာ၊ ရိတ်သိမ်းချိန်လွန် နည်းပညာ၊ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်နည်း တို့ကို သင်တန်းပေး ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment