Pages

Thursday, April 28, 2016

မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်း ဒေသကြီးတို့တွင် မျှော်မှန်းထားသည်ထက် ပို၍စောစွာ ရေခန်းခြောက်မှုများ ဖြစ်ပေါ်ခဲ့



ချောက် ၊ ၂၈-၄-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း နှင့် မကွေးတိုင်း ဒေသကြီး တို့သည် အပူချိန်များ မြင့်တက်မည် ဖြစ်၍ ရေရှားပါးမှုနှင့် ကြုံတွေ့ နိုင်သည် ဟု ကနဦး သတိပေးချက်များ ထုတ်ပြန်ခဲ့ သော်လည်း လက်ရှိ အခြေအနေတွင် မျှော်မှန်းထား သည်ထက်ပို၍ စောစွာ ရေခန်းခြောက် မှုများ၊ မြေအောက်ရေ ဆုတ်မှုများ ဖြစ်ပေါ်နေသည် ဟု ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အဆိုပါ တိုင်းဒေသကြီး များသည် နှစ်စဉ် မိုးရေချိန် ရရှိမှု လျော့နည်းပြီး အပူပိုင်းဇုန် အတွင်း ကျရောက် သောကြောင့် အပူချိန် မြင့်မားခြင်းနှင့် နောက်ဆက်တွဲ အခြေအနေများ ကြုံတွေ့ရလေ့ ရှိကာ ယခုနှစ်တွင် မြေအောက်ရေ ဆုတ်ခြင်း၊ ရေငွေ့ပြန်မှု များခြင်းတို့သည် မကွေးတိုင်း ဒေသကြီးအတွင်း မျှော်မှန်းထား သည်ထက် ပို၍စောသဖြင့် ရေအခက်အခဲ များစွာ ကြုံတွေ့ နေရသည်ဟု ၄င်းက ဆက်လက် ပြောပြသည်။

မကွေးတိုင်း ဒေသကြီးသည် အဓိကအားဖြင့် စိုက်ပျိုးရေးကို အားထားသော ဒေသကြီးဖြစ်ပြီး ပဲ၊ နှမ်း စသည့် ကောက်ပဲ သီးနှံများ စိုက်ပျိုးသည်။ ထို့ပြင် ထန်းတောများ မြောက်မြားစွာ ရှိ၍ ထန်းလျက် လုပ်ငန်းကို တွင်တွင်ကျယ် ကျယ် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ တွင် အပူဆုံး ဒေသကြီး တစ်ခုဖြစ်ပြီး နှစ်စဉ် ရေရှားပါးမှု ပြဿနာကို ရင်ဆိုင် နေရကြောင်း သိရသည်။

အလားတူပင် မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်းတွင် ရှိသည့် ဒေသများ တွင်လည်း မြေအောက်ရေ ဆုတ်ခွာမှု မြန်ဆန်၍ ရေငွေ့ပြန်ခြင်း များကြောင့် သောက်ရေ၊ သုံးရေ ခက်ခဲလျက် ရှိသော ကျေးရွာများ ပိုမိုများပြား လာကြောင်း သိရသည်။

၎င်းတို့အနက်မှ မကွေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် အချို့တွင် နေ့အပူချိန် ၄၆ ဒီဂရီ စင်တီဂရိတ် ထိ မြင့်တက်လာပြီး ရေအခက်အခဲ အတွက် ရေအလှူရှင် များကို အားကိုး နေရကြောင်း သိရသည်။

ချောက်မြို့နယ် အတွင်းရှိ စက်ရေတွင်း မရှိသော ကျေးရွာ ၃၂ ရွာမှ ၂၅ ရွာသည် နီးစပ်ရာ စက်ရေတွင်း ရှိသော ကျေးရွာများမှ ရေကို ခွဲဝေသုံးစွဲနေရပြီး စက်ရေတွင်း များနှင့် ဝေးသော ခုနစ်ရွာမှ ငါးရွာကို နေ့စဉ် ရေလှူဒါန်း ပေးနေရကြောင်း၊ ရေအလှူကို အားကိုး နေရသော ကျေးရွာ ငါးရွာမှာ ကျွဲတပ် ၊ ဥယျာဉ် ၊ မန်ကျည်းစောက်၊ ကျောက်တန်း၊ ဝရကုန်း တို့ဖြစ်ကြောင်း သိရသည်။ (၁၇၂)

ရတနာပုံနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment