Pages

Friday, April 1, 2016

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှ ပြန်လည်ဝင်ရောက် လာသူများ သံတောင်မြို့သို့ ရောက်ရှိ



နေပြည်တော် ၊ ၁-၄-၂၀၁၆

ထိုင်းနိုင်ငံ၊ မဲ့စရိယန်းမြို့နယ် ရှိ မယ်ရာမူ (ခ) မယ်ရမလောင် ဒုက္ခသည် စခန်းတွင် အခြေပြု နေထိုင်ခဲ့ပြီး မတ် ၂၄ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာ ခဲ့သည့် ၆၈ ဦးအနက် သံတောင်ကြီး မြို့နယ်၊ ဘောဂလိကြီးမြို့၊ သပြေညွန့် ကျေးရွာတွင် အခြေပြု နေထိုင်မည့် ဦးစောကီးဒို ဦးစီးသည့် ၅၅ ဦးသည် ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နယ်၊ သံတောင်မြို့ အမှတ်(၂) အခြေခံပညာ မူလတန်း ကျောင်းတွင် ခေတ္တ နေထိုင်လျက် ရှိသည်။

ထိုသို့ နေရပ်ပြန် လာကြသူ များအား စားသောက်ရေး အဆင်ပြေ စေရန်အတွက် ယမန်နေ့ နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်ကျော်နှင့် တာဝန်ရှိ သူများက သွားရောက် တွေ့ဆုံ၍ ဆန်၊ ခေါက်ဆွဲခြောက်၊ ကြက်ဥများ ကိုလည်းကောင်း၊ ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန တို့က အဝတ်အထည် နှင့် လူသုံးကုန် ပစ္စည်းများကို လည်းကောင်း အသီးသီး ပေးအပ်ခဲ့ ကြပြီး သွားလာ နေထိုင်ရေး အဆင်ပြေ စေရေးအတွက် တိုင်းမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖ များက ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

#Themyawadydaily

No comments:

Post a Comment