Pages

Monday, March 21, 2016

ရေအောက်တွင် အသက်ရှူနိုင်သည့် Triton အသက်ရှူကိရိယာ




ဝါရှင်တန် ၊ ၂၁-၃-၂၀၁၆

ပညာရှင်များက Triton အသက်ရှူ ကိရိယာကို ရေအောက်တွင် အသက်ရှူ နိုင်ရန်အတွက် ဖန်တီးထားသည့် ပါးဟက် များဟု ခေါ်ဝေါ် ကြသည်။ အဆိုပါ ကိရိယာကို ရေမော်လီကျူး များထက် သေးငယ်သည့် Mircoporous Hollow ဖိုက်ဘာများဖြင့် ပြုလုပ်ထားရာ ရေမော်လီကျူး များကို ဖယ်ရှားနိုင်ပြီး အောက်ဆီဂျင် တို့ကို စုပ်ယူနိုင်သဖြင့် ရေအောက် အသက်ရှူရန် အသုံးပြုရာ၌ အသုံးဝင် နိုင်မည် ဖြစ်ကြောင်း သိရသည်။

Triton အတွင်းရှိ မိုက်ခရို ပရိုဆက်ဆာ တစ်ခုက အသုံးပြုသူ စုပ်ယူလိုက်သည့် အောက်ဆီဂျင် များကို အဆုတ်တွင်းသို့ ရှူသွင်းနိုင်ရန် အတွက် စုဆောင်း ပေးသည်။ Triton ကို ဖန်တီးသည့် အသင်းမှ ပညာရှင် Jeabeun Yeon က Triton ၏ မိုက်ခရို ပရိုဆက်ဆာ သည် အလုံအလောက် လှုပ်ရှားနိုင်ပြီး အောက်ဆီဂျင် သိုလှောင်နိုင်ရန် အတွက် အထူးပြုပြင် ဖွဲ့စည်း ထားကြောင်း သိရသည်။

Triton ကို အသုံးပြု၍ ရေကူး သူများက Triton ၌ ပါးစပ်အတွင်းသို့ ထည့်ရသည့် အပိုင်းကို အသာအယာ ကိုက်ရုံသာ လိုအပ်ပြီး သာမန်အတိုင်း အသက်ရှူ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

Triton ၏ လက်ရှိ ဖွဲ့စည်းပုံကြောင့် ရေအောက် ၁၅ ပေထိသာ အလွန်ဆုံး ယူဆောင် အသုံးပြု နိုင်မည်ဖြစ်ပြီး တစ်ဖက်တွင် မိုက်ခရို ပရိုဆက်ဆာ က ဘက်ထရီဖြင့် အလုပ်လုပ်ရာ ဘက်ထရီ သက်တမ်း မှာလည်း ၄၅ မိနစ်သာ ခံနိုင်ကြောင်း သိရသည်။

No comments:

Post a Comment