Pages

Monday, March 21, 2016

နေပြည်တော် ၊ ပုဗ္ဗသီရိမြို့နယ်ရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော် ပရိဝုဏ်တွင် သန္တိသဒ္ဒမဟာဃဏ္ဋငြိမ်းချမ်း ရေးခေါင်းလောင်းတော် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော် အခမ်းအနား ကျင်းပ


နေပြည်တော် ၊ ပုဗ္ဗသီရိမြို့နယ်ရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော် ပရိဝုဏ် ၏ အရှေ့ဘက်အရပ်တွင် တည်ထားလှူဒါန်းသည့် သန္တိသဒ္ဒမဟာဃဏ္ဋ ငြိမ်းချမ်းရေး ခေါင်းလောင်းတော် ကို တွေ့ရစဉ် 

နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်သြ၀ါဒါစရိယဆရာတော် အဘိဓဇမဟုရဋ္ဌဂုရု ဘဒ္ဒန္တက၀ိသာရထံမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ၊ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူ ဆောက်တည်ကြစဉ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ သန္တိသဒ္ဒမဟာဃဏ္ဋ ငြိမ်းချမ်းရေး ခေါင်းလောင်းတော် အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးစဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ သန္တိသဒ္ဒမဟာဃဏ္ဋ ငြိမ်းချမ်းရေး ခေါင်းလောင်းတော် အား ကိုးချက်ထိုး၍ ပူဇော်စဉ်


နေပြည်တော် ၊ ၂၁-၃-၂၀၁၆

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ရှိ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော် ပရိဝုဏ်တွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကြီး ထာဝရ ငြိမ်းချမ်းရေး ကမ္ဘာ့ ငြိမ်းချမ်းရေးကို ရည်ရွယ်၍ လှူဒါန်းသည့် သန္တိသဒ္ဒ မဟာဃဏ္ဋ ငြိမ်းချမ်းရေး ခေါင်းလောင်းတော် ရေစက်ချ အောင်ပွဲမင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီတွင် ကျင်းပ ပြုလုပ်သည်။

ဦးစွာ အခမ်းအနား မစတင်မီ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီးဒေါ်ကြူကြူလှ တို့က မဟာဗောဓိ ရုပ်ရှင်တော်မြတ် ကြီးအား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော် ရေချမ်းတို့ကို ကပ်လှူ ပူဇော်သည်။

ထို့နောက် သန္တိသဒ္ဒမဟာဃဏ္ဋ ငြိမ်းချမ်းရေး ခေါင်းလောင်းတော် ရေစက်ချ မဟာမင်္ဂလာ အခမ်းအနားကို ကျင်းပပြုလုပ်ရာ နေပြည်တော်၊ ပျဉ်းမနားမြို့ မဟာဝိသုတာ ရာမဈေးကုန်း ကျောင်းတိုက်၊ ပဓာနနာယက နိုင်ငံတော် သြဝါဒါစရိယ ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရ အမှူးပြုသော သံဃာတော် အရှင်သူမြတ်များ ကြွရောက် တော်မူကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ပူးတွဲတာဝန်၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ နှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ဖိတ်ကြားထား သူများ တက်ရောက် ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အမှူးပြုသော ဧည့်ပရိသတ် များက မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက်၊ ပဓာနနာယက ဆရာတော်ထံမှ ကိုးပါးသီလ ခံယူ ဆောက်တည်ကြပြီး သံဃာတော်
အရှင်သူမြတ်များ ထံမှ ပရိတ် တရားတော်များ နာယူကြသည်။

၎င်းနောက် ဆရာတော်ကြီးထံ သန္တိသဒ္ဒ မဟာဃဏ္ဋ ငြိမ်းချမ်းရေး ခေါင်းလောင်းတော် နှင့် လှူဖွယ်ပစ္စည်း များကို ဆက်ကပ် လှူဒါန်းကြ၍ တက်ရောက် လာကြသည့် ဧည့်ပရိသတ် များက သံဃာတော် အရှင်သူမြတ် များအား လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်း ကြပြီး နေပြည်တော်၊ ပျဉ်းမနားမြို့ မင်္ဂလာ ဇေယျုံပါဠိ တက္ကသိုလ် ကျောင်းတိုက် ပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ ထံမှ ရေစက်ချ တရားများ နာယူကြသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က သန္တိသဒ္ဒ မဟာဃဏ္ဋ ငြိမ်းချမ်းရေးခေါင်းလောင်းတော် အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ခေါင်းလောင်းတော် အား ကိုးချက်ထိုး၍ အမွှေးနံ့သာရည် များဖြင့် ပက်ဖျန်း ပေးပြီးနောက် အခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုး ခဲ့သည်။

ယမန်နေ့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော် ပရိဝုဏ် ၏ အရှေ့ဘက် အရပ်တွင် တည်ထားလှူဒါန်း ပူဇော်ခဲ့သော သန္တိသဒ္ဒ မဟာဃဏ္ဋ ငြိမ်းချမ်းရေး ခေါင်းလောင်းတော်ကြီး သည် အမြင့် ၅ ပေ၊ ထိပ်ဝအကျယ် ၄ ပေ ၁ လက်မနှင့် ကြေးအလေးချိန် ၆၁၂ ပိဿာ ရှိကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၊ ၁၆ )

No comments:

Post a Comment