Pages

Wednesday, March 30, 2016

ရွှေတိဂုံစေတီတော်မြတ်အား ၂၀၂၀ ပြည့်နှစ်တွင် ကပ်လှူပူဇော်ရန် ရွှေသင်္ကန်းအချပ်ရေ ၄၀၀၀ ကျော် ရရှိပြီးဖြစ်



ရန်ကုန် ၊ ၃၀-၃-၂၀၁၆

ရွှေတိဂုံ စေတီတော် မြတ်ကြီးတွင် ငါးနှစ်တစ်ကြိမ် ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်မှု အစီအစဉ် အရ ၂ဝ၂ဝ ပြည့်နှစ်တွင် ရွှေသင်္ကန်း ကပ်လှူမည့် အလှူရှင်များထံမှ ရွှေသင်္ကန်း အချပ်ရေ ၄ဝဝဝ ကျော် အလှူခံရရှိ ထားပြီ ဖြစ်ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ ၏ ထုတ်ပြန်ချက် သတင်းများအရ သိရသည်။

ရွှေတိဂုံ စေတီတော် မြတ်ကြီးအား ငါးနှစ်တစ်ကြိမ် ရွှေစင်ရွှေပြား များ ကပ်လှူ ပူဇော်လျက် ရှိရာ လွန်ခဲ့သည့် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်က (၈)ကြိမ်မြောက် ရွှေစင်ရွှေပြား ရွှေသင်္ကန်း ကပ်လှူပူဇော် ပွဲကို ကျင်းပြုလုပ်ခဲ့ပြီး ဖြစ်သည်။

အဆိုပါ ရွှေစင်ရွှေပြား ရွှေသင်္ကန်း ကပ်လှူ ပူဇော်ပွဲတွင် ရွှေတိဂုံ စေတီတော်၏ ငှက်ပျောဖူး ကနေ ခေါင်းလောင်းတော် ထိ ယခင်က ဆက်ကပ်ပူဇော် လှူဒါန်း ထားသည့် ရွှေသင်္ကန်း ဟောင်းများကို ပြန်လည်ပြုပြင် မွမ်းမံကပ်လှူ ပူဇော်ပေးကာ ကျန်ရှိနေသည့် စေတီတော် အပိုင်းများကို ရွှေသင်္ကန်း အသစ်များ ဆက်ကပ် ပူဇော်လှူဒါန်း မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၄-၂ဝ၁၅ ခုနှစ်က (၈)ကြိမ်မြောက် ရွှေစင်ရွှေပြား ရွှေသင်္ကန်း ကပ်လှူပူဇော် ပွဲတွင် ရွှေသင်္ကန်း ပိဿာချိန် ၂၄၃ ပိဿာ နှင့် ရွှေသင်္ကန်း အချပ်ရေ ၁၈၂၂၇ ချပ်ထိ ဆက်ကပ်ပူဇော် လှူဒါန်း ခဲ့ကြောင်း သိရသည်။

ရွှေတိဂုံ စေတီတော် မြတ်ကြီးတွင် ငါးနှစ်တစ်ကြိမ် ရွှေစင်ရွှေပြား များ ကပ်လှူပူဇော်မှု အစီအစဉ် များအရ လာမည့် ၂ဝ၂ဝ ပြည့်နှစ် တွင် (၉)ကြိမ်မြောက် ရွှေသင်္ကန်း ပြန်လည်ကပ်လှူ မှုများကို ပြုလုပ် သွားမည် ဖြစ်ကြောင်း ဂေါပက အဖွဲ့ထံမှ သိရသည်။

မြ၀တီနေ့စဉ် 

No comments:

Post a Comment