Pages

Thursday, March 17, 2016

လိင်ဆက်ဆံခြင်းမှ ဇီကာဗိုင်းရပ်စ် ကူးစက်မှုသည် ခန့်မှန်းထားသည်ထက် ပိုအဖြစ်များ



ရန်ကုန် ၊ ၁၇-၃-၂၀၁၆

လိင်ဆက်ဆံခြင်း မှတစ်ဆင့် ဇီကာဗိုင်းရပ်စ် ကူးစက်မှုသည် ခန့်မှန်းထား သည်ထက် ပို၍ အဖြစ်များကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားကြောင်း သိရသည်။

ဇီကာဗိုင်းရပ်စ် ကူးစက်ပြန့်ပွား နေသော နိုင်ငံများမှ နောက်ဆုံး တွေ့ရှိချက် အရ လိင်ဆက်ဆံခြင်း မှတစ်ဆင့် ဇီကာဗိုင်းရပ်စ် ကူးစက်မှုသည် ယခင်က ခန့်မှန်းထား သည်ထက် ပိုမိုအဖြစ်များ သည့်အတွက် ဇီကာဗိုင်းရပ်စ် ကူးစက်မှုကို ဟန့်တားနိုင်ရန် အခက်အခဲများ ပိုရှိလာ နိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာဂရက်ချန် က ပြောသည်။

ကလေးငယ် များတွင် ဦးနှောက် ပျက်စီးခြင်းကို ဖြစ်စေနိုင်သော ဇီကာဗိုင်းရပ်စ် သည် အရွယ်ရောက် သူများတွင်လည်း ဦးနှောက် ရောင်ရမ်းမှုကို ပြင်းပြင်းထန်ထန် ဖြစ်စေ နိုင်ကြောင်း သိရသည်။

ခြင်ကျား အကိုက်ခံရခြင်း နှင့် လိင်ဆက်ဆံ ခြင်းတို့မှတစ်ဆင့် ဇီကာဗိုင်းရပ်စ် ကူးစက်နိုင်ပြီး ရုတ်တရက် ဖျားနာခြင်း၊ အရေပြားပေါ် ၌ အနီရောင် အကွက်များ ထွက်လာခြင်း အပြင် ကြွက်သားများနှင့် အဆစ်အမျက်များ နာကျင် ကိုက်ခဲခြင်း တို့ကိုလည်း ဖြစ်ပေါ် စေနိုင်ပြီး လက်ရှိ အချိန်ထိ ယင်း ဗိုင်းရပ်စ် ကို ပျောက်ကင်းအောင် ကုသနိုင်သည့် ဆေးဝါး မတွေ့ရှိ သေးကြောင်း သိရသည်။

ကိုဆောင်း (ဥက္ကလာ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment