Pages

Tuesday, March 29, 2016

လူနေအိမ်အများစု၌ မီးသတ်ဆေးဘူးများ အဆင်သင့် ဆောင်ထားမှု နည်းပါးနေ


ရန်ကုန် ၊ ၂၉-၃-၂၀၁၆

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ စစ်ဆေး တွေ့ရှိချက်အရ ရန်ကုန်နှင့် မန္တလေးမြို့ အပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့ကြီးများရှိ လူနေအိမ် အများစု၌ မီးဘေးကြိုတင် ကာကွယ်သည့် အနေဖြင့် မီးငြှိမ်းသတ် ရာတွင် အသုံးပြုသော မီးသတ်ဆေးဘူးများ အဆင်သင့် ဆောင်ထားမှု နည်းပါး နေကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်း မှာပင် နိုင်ငံအတွင်းရှိ ဒေသတချို့၌ မီးအကြီးအကျယ် လောင်ကျွမ်းမှု အများအပြား ဖြစ်ပေါ်ခဲ့ရာ ယခုအခါ နိုင်ငံတစ်ဝန်းရှိ မြို့နယ်များနှင့် ရပ်ကွက်များ၌ သက်ဆိုင်ရာ မီးသတ် ဦးစီးဌာနများက မီးဘေးအန္တရာယ် ကင်းရှင်းစေရေး စစ်ဆေးမှုများကို ယခင်နှစ်များထက် တိုးမြှင့် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ထိုသို့ လိုက်လံ စစ်ဆေးရာတွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင် များနှင့် တခြား စီးပွားရေး လုပ်ငန်းကြီးများ တွင်သာ မီးသတ်ဆေးဘူးများ ဆောင်ထား သော်လည်း အိမ်တွင်း စီးပွားရေး လုပ်ငန်းငယ်များနှင့် လူနေအိမ် အများစု၌ မီးသတ်ဆေးဘူး များ ဆောင်ထားခြင်း မရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပညာပေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း၊ စားသောက် ဆိုင်များနှင့် ဈေးဆိုင်များ၌ မီးဘေး အန္တရာယ် ကျရောက်လာပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များပါ ကြော်ငြာစာရွက်များ ကပ်ပေးခြင်းနှင့် လူနေအိမ်များ၌ မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ မီးလောင်မှု ၁၆၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၄ ရက်အထိ မီးလောင်မှုပေါင်း ၁ဝ၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးထက်ယံ

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment