Pages

Wednesday, March 16, 2016

မြန်မာ-ဂျပန် ပူးပေါင်းပြီး မြန်မာဂန္ထ၀င် သီချင်းများ တီးခတ်ဖျော်ဖြေမှုကို မန္တလေးမြို့ခံပရိသတ်များ အကြိုက်တွေ့



မန္တလေး ၊ ၁၆-၃-၂၀၁၆

ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုင်ငံတော် သံစုံတီးဝိုင်းနှင့် ဂျပန်နိုင်ငံမှ Mr. YUNOSUKE YAMAMOTO (Conductor & composer) ဦးဆောင်သော အနုပညာ ရှင်များ ပူးပေါင်းကာ မြန်မာဂန္ထဝင် သီချင်းများ၊ အနောက်တိုင်း သံစဉ်များနှင့် မြန်မာတို့၏ ရိုးရာသီချင်း များကို တီးခတ်ဖျော်ဖြေ သည့် MYANMAR NATIONAL SYMPHONY ORCHESTRA CONCERT 2016 ဖျော်ဖြေပွဲကြီးကို မန္တလေး မြို့ အမျိုးသား ဇာတ်ရုံကြီးတွင် ယမန်နေ့ ည ၆ နာရီမိနစ် ၂ဝ ခန့်မှစတင် ဖျော်ဖြေခဲ့ရာ မန္တလေးမြို့ခံ ပရိသတ် အကြိုက်တွေ့ ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖျော်ဖြေပွဲသို့ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေး ဝန်ကြီး ဒေါက်တာမြင့်ကြူ၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ဆန်း နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား   ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး၊   နိုင်ငံတကာမှ သံတမန်များ၊ နိုင်ငံခြား ခရီးသွား ဧည့်သည်များ နှင့် ဂီတကို ချစ်မြတ် နိုးသည့် မန္တလေးမြို့ခံ ပရိသတ်များ ရုံပြည့် လာရောက် အားပေးကြသည်။

''ဒီလိုဖျော်ဖြေပွဲ တွေကို ကြုံရခဲတယ်လေ။ တခြားရှိုးပွဲတွေ၊ ဖျော်ဖြေပွဲတွေက မကြာခဏ ကြုံ ရတယ်။ မြန်မာဂန္ထဝင် သီချင်းတွေ ကို တီးခတ်သွားတာ တော်တော် နားထောင် ကောင်းတယ်။ ဖျော်ဖြေပွဲ လုပ်မယ်ဆိုတော့ စာမေးပွဲ တွေရှိတော့   လူမလာလောက် ဘူး ထင်ထားတာ။ ဒါပေမဲ့ တကယ် တမ်းကျတော့ ပရိသတ်တွေ ရုံအပြည့်ပဲ။ လာကြည့်ရတာ  တန်ပါတယ်။ ဖျော်ဖြေချိန်က ၁ နာရီကျော်ပဲ ကြာတယ်။ ဒီထက် အချိန်ပိုပေးပြီး ဖျော်ဖြေပေးနိုင်ရင် ကောင်းတယ်'' ဟု မန္တလေးမြို့ခံ လူငယ်ပရိသတ် တစ်ဦးက ပြောပြသည်။ 

MYANMAR NATIONAL SYMPHONY ORCHESTRA CONCERT 2016 ဖျော်ဖြေပွဲကြီးတွင် သီချင်း ၁၂ ပုဒ်တီးခတ် ဖျော်ဖြေခဲ့ပြီး မြန်မာ့ဂန္ထဝင် သီချင်းများ ဖြစ်သည့် သျှောင်ပေစူး၊ ရွှေအိုးစည်၊ ရွှေဘို သနပ်ခါး၊ ရှာပုံတော် မင်းသားကြီး နှင့် မန်းတောင်ရိပ်ခို သီချင်းများ တီးခတ်ဖျော်ဖြေမှုကို ပရိသတ်များ ကိုယ်တိုင် လက်ခုတ်များဖြင့် လိုက်ပါ တီးသည်ထိ   အကြိုက်တွေ့ ခဲ့ ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် 

No comments:

Post a Comment