Pages

Wednesday, March 2, 2016

မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီးတစ်ခုဖြစ်သည့် မဟာဝိဇယ ခေမသီတလ နိဗ္ဗုတဃောသ မဟာခေါင်းလောင်းတော်ကြီး ဗိမာန်တော် ရေစက်ချကုသိုလ်တော် မင်္ဂလာ အခမ်းအနားကျင်းပ


မဟာဝိဇယ ခေမသီတလ နိဗ္ဗုတဃောသ မဟာခေါင်းလောင်းတော်ကြီး ကို တွေ့ရစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို နှင့် ဂေါပကအဖွဲ့ နာယက ဦးအုန်းခိုင် တို့က မဟာဝိဇယ ခေမသီတလ နိဗ္ဗုတဃောသ မဟာ 
ခေါင်းလောင်းတော်ကြီး ဗိမာန်တော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်

ဆရာတော်ထံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းစဉ်

နေပြည်တော် ၊ ၂-၃-၂၀၁၆

တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့ရှိ ရွှေတောင်စား စေတီတော်တွင် တည်ထားသည့် မဟာဝိဇယ ခေမသီတလ နိဗ္ဗုတဃောသ မဟာ ခေါင်းလောင်းတော် ကြီးသည် ရွှတိဂုံ စေတီတော်မြတ် ကြီးရှိ သာယာဝတီမင်း တည်ထားခဲ့သော ခေါင်းလောင်းတော် ကြီးနှင့် အရွယ်တူ၊ ပုံစံတူဖြစ်ပြီး ဒုတိယကမ္ဘာစစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် သွန်းလောင်းသည့် ခေါင်းလောင်းတော် များတွင် ဒုတိယ အကြီးဆုံး ခေါင်းလောင်း တစ်ခု ဖြစ်သည်။ 

ရွှေတောင်စား စေတီတော် နှစ်(၂၅၀)ပြည့် အထိမ်းအမှတ် မော်ကွန်းဖြစ်သည့် မဟာဝိဇယ ခေမသီတလ နိဗ္ဗုတ ဃောသ မဟာခေါင်းလောင်း တော်ကြီး ဗိမာန်တော် ရေစက်ချ ကုသိုလ်တော် မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် လောကမာရဇိန် ဘုရားကြီး အရှေ့ဘက်မုခ်ဦး ရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် လောကမာရဇိန် ရုပ်ပွားတော် မြတ်ကြီးအား မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန် နှင့် သောက်တော် ရေချမ်းများ ကပ်လှူ ပူဇော်ကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သည် လောကမာရဇိန် ဘုရားကြီး၏ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး ရွှေတောင်စား စေတီတော်ကြီးနှင့် ရဟန္တာသိမ်တော် အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ဖူးမြော်ကြည်ညို ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို နှင့် ဂေါပကအဖွဲ့ နာယက ဦးအုန်းခိုင်တို့က မဟာဝိဇယ ခေမသီတလ နိဗ္ဗုတဃောသ မဟာ ခေါင်းလောင်းတော်ကြီး ဗိမာန်တော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ခေါင်းလောင်း တော်ကြီးကို အမွှေးနံ့သာရည် များ ပက်ဖျန်းကာ မင်္ဂလာ ခေါင်းလောင်းထိုး၍ ပူဇော်ကြသည်။ ယင်းနောက် ဗိမာန်တော်ကြီး ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အဖြစ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည် ရွှေတောင်စား စေတီတော် နှစ် (၂၅၀)ပြည့် အထိမ်းအမှတ် ကမ္ဗည်းမော်ကွန်း ကျောက်စာကို အမွှေးနံသာရည်များဖြင့် ပက်ဖျန်းကြသည်။

ထို့နောက် ဗိမာန်တော်ကြီး ပတ္တိဒါန ရေစက်ချ ကုသိုလ်တော် မင်္ဂလာ အခမ်းအနားကို လောကမာရဇိန် ဘုရားကြီး အရှေ့ဘက်မုခ်ဦးရှိ ဓမ္မာရုံ၌ ဆက်လက် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ထားဝယ်မြို့ ပခုက္ကူ ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂ၀ံသ အမှူးပြုသော သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီးများ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ စေတနာရှင် အလှူရှင်များ၊ ဖိတ်ကြား ထားသူများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြပြီး ပခုက္ကူကျောင်း ဆရာတော်ထံမှ ကိုးပါးသီလ ခံယူ ဆောက်တည် ကြသည်။

ထို့နောက် သံဃာတော် အရှင်သူမြတ်များက ပရိတ် တရားတော်များ ရွတ်ပွား သရဇ္ဈာယ် ချီးမြှင့်တော်မူကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး အမှူးပြုသော အလှူရှင်များက သံဃာတော်များနှင့်  သီလရှင် ဆရာကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ၄င်းနောက် ဇေယျဝတီ ကျောင်းတိုက် နာယကအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယ ထံမှ အနုမောဒနာ တရား နာယူကြပြီး ရေစက်သွန်းချ အမျှပေး ဝေကြကာ သံဃာတော် အရှင်သူမြတ် များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ရွှေတောင်စား စေတီတော် နှစ်(၂၅၀)ပြည့် အထိမ်းအမှတ် မော်ကွန်းအဖြစ် စေတီတော်ကြီးတွင် ထားရှိပူဇော်ရန် အတွက် အမြင့် ၁၂ ပေ၊ အချင်း ၅ ပေ ၇ လက်မရှိပြီး ကြေးပိဿာချိန် ၁၁၇၇၇ ဒသမ ၄ ရှိသော မဟာဝိဇယ ခေမသီတလ နိဗ္ဗုတဃောသ မဟာ ခေါင်းလောင်း တော်ကြီးကို တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုများမှ ရရှိသည့် ကြေးစင်များဖြင့် ၂၀၁၅ ခုနှစ်၊ မတ် ၂၀ ရက်တွင် မန္တလေးမြို့ တမ္ပ၀တီရပ်၌ စတင် သွန်းလောင်းခဲ့ပြီး ဇွန် ၄ ရက်တွင် ရွှေတောင်စား စေတီတော်၏ ရင်ပြင်တော် အရှေ့ တောင် ထောင့်အရပ်တွင် ရေစက်ချ လှူဒါန်းပူဇော် ခဲ့သည်။ ယခုအခါ ခေါင်းလောင်း တော်ကြီး ထားရှိသည့် ဗိမာန်တော် တည်ဆောက် ပြီးစီးပြီ ဖြစ်သဖြင့် မြို့ကျက်သရေဆောင် ရွှေတောင်စား စေတီတော်ကြီးကို ဖူးမြော်ကြည်ညို ၍ မဟာခေါင်းလောင်း တော်ကြီးကို ထိုးကာ ကုသိုလ်တော်များ ပို၍ ပွားများနိုင်မည် ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ မဟာဝိဇယ ခေမသီတလ နိဗ္ဗုတဃောသ မဟာခေါင်းလောင်းတော်ကြီး ကို မင်္ဂလာခေါင်းလောင်းထိုး၍ ပူဇော်ကြစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ဂေါပကအဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်စဉ်

ထားဝယ်မြို့ ပခုက္ကူကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ အဂ္ဂ၀ံသ ထံမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသော ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူ ဆောက်တည်ကြစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များ ရွှေတောင်စား စေတီတော်ရင်ပြင် ဘုရားကြီး ပိဋကတ်တိုက်တွင် ဖွင့်လှစ်ထားသည့် e-Library ကို ကြည့်ရှုလေ့လာစဉ်

အခမ်းအနား အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေတောင်စား စေတီတော်ရင်ပြင် ဘုရားကြီး ပိဋကတ်တိုက် တွင် ဖွင့်လှစ်ထားသည့် e-Library ကို သွားရောက် ကြည့်ရှု လေ့လာကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရှေးဟောင်း စာအုပ်များသည် တန်ဖိုးကြီးမား သကဲ့သို့ စာအုပ်များတွင် ရေးသားထားသည့် စာ၏ တန်ဖိုးမှာ ပို၍တန်ဖိုး ရှိကြောင်း၊ မူရင်းစာအုပ် များအား မပျက်စီးအောင် စနစ်တကျ ထိန်းသိမ်း ထားရှိရန်၊ အများဖတ်ရှု နိုင်ရန်အတွက် မိတ္တူပွားထားရန်၊ e-Library အတွင်း ထည့်သွင်း ဖတ်ရှုနိုင်ရေး ဆောင်ရွက်ရန် တို့အား မှာကြားသည်။ အဆိုပါ e-Library တွင် ရှေးဟောင်းကျမ်း စာအုပ်များ၊ ဓမ္မစာပေများ၊ ဘာသာရေး စာပေများနှင့် သုတ ရသ စာအုပ်စာစောင်များကို ဘုရားဖူး ပရိတ်သတ်များ အနေဖြင့် ဖတ်ရှုလေ့လာ နိုင်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment