Pages

Friday, March 25, 2016

(၇၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ၌ ပါဝင်စစ်ရေးပြကြမည့် စစ်ရေးပြစစ်ကြောင်းများ ၀တ်စုံပြည့် စစ်ရေးပြလေ့ကျင့်


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းနားတွင် ပါဝင်ချီတက်စစ်ရေးပြ ကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများ ၀တ်စုံပြည့် စစ်ရေးပြ လေ့ကျင့်မှုကို ကြည့်ရှု စစ်ဆေးစဉ်

(၇၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းနားတွင် ပါဝင်ချီတက်စစ်ရေးပြ ကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများ ၀တ်စုံပြည့် စစ်ရေးပြ လေ့ကျင့်စဉ်


နေပြည်တော် ၊ ၂၅-၃-၂၀၁၆

၂ဝ၁၆ ခုနှစ် မတ်လ ၂၇ ရက်တွင် ကျရောက်သော (၇၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပါဝင်ချီတက် စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများ သည် ယမန်နေ့ နံနက်ပိုင်း၌ ဝတ်စုံပြည့် စစ်ရေးပြ လေ့ကျင့်မှုများ ဆောင်ရွက်ကြသည်။

ယင်း စစ်ရေးပြ အခမ်းအနားတွင် အနော်ရထာ စစ်ကြောင်း၊ ကျန်စစ်သား စစ်ကြောင်း၊ ဘုရင့်နောင် စစ်ကြောင်း၊ အောင်ဇေယျ စစ်ကြောင်း၊ ဆင်ဖြူရှင် စစ်ကြောင်းနှင့် အောင်ဆန်း စစ်ကြောင်း များပါဝင်ပြီး စုရပ်ဖြစ်သည့် နေပြည်တော် သစ်တပ်ကွင်းမှ နေပြည်တော် စစ်ရေးပြကွင်းသို့ တပ်မတော် စစ်တီးဝိုင်းအဖွဲ့ များ၏ တီးခတ်မှုနှင့် အတူ စစ်ချီသီချင်းများ သီဆို၍ ညီညာစွာ ချီတက်ကြပြီး စစ်ရေးပြ အခမ်းအနား အစီအစဉ်များ အတိုင်း လေ့ကျင့် ဆောင်ရွက် ကြသည်။

ထိုသို့ လေ့ကျင့်နေမှုကို ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များ၊ တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် မောင်မောင်အေး၊ တပ်မတော်နေ့ ကျင်းပရေး စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မိုးမြင့်ထွန်း နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု စစ်ဆေးကြပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးသည်။

အဆိုပါ စစ်ရေးပြ အခမ်းအနားတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်များ၊ အမျိုးသမီး တပ်ဖွဲ့ဝင် များနှင့် တပ်မတော်(ရေ ) အထူး စစ်ဆင်ရေး တပ်ဖွဲ့ (Navy SEALs) နှင့် ယာဉ်ယန္တရားများ ပါဝင်ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment