Pages

Monday, March 28, 2016

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး ခုတင် ၂၀၀ ဆံ့ အမျိုးသမီး သားဖွားမီးယပ်နှင့် ကလေးဆေးရုံကြီး ဖွင့်လှစ်



မုံရွာ ၊ ၂၈-၃-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့တွင် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး ခုတင်(၂ဝဝ) ဆံ့ အမျိုးသမီး၊ သားဖွားမီးယပ် နှင့် ကလေးဆေးရုံ ဖွင့်ပွဲကို ယမန်နေ့ နံနက်က ယာယီမဏ္ဍပ်၌ ကျင်းပပြုလုပ် ကြောင်း သိရသည်။

ဆေးရုံဖွင့်ပွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး က အမှာစကား ပြောကြားပြီး ဆေးရုံနှင့် ပတ်သက်သည့် စာရွက်စာတမ်း များကို ကျန်းမာရေး ဝန်ကြီးဌာန သို့ ဒုတိယဝန်ကြီး ဒေါက်တာ သိန်းသိန်းဌေး နှင့် မြန်မာနှင့် အိန္ဒိယနိုင်ငံ တို့မှ တာဝန်ရှိသူများ အလှူရှင် များရှေ့တွင် ပေးအပ်သည်။

''အိန္ဒိယနိုင်ငံ အစိုးရအနေနဲ့ မြန်မာနိုင်ငံကို ကူညီတဲ့ စီမံကိန်းပေါင်း များစွာ ရှိပါတယ်။ တမူး-ကလေး- ကလေးဝ- ယာကြီးလမ်း ပေါ်မှာရှိတဲ့ တံတားပေါင်း ၆၉ စင်းကို အဆင့်မြှင့်တင် ပေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ တစ်ဝန်းက အဆင့်မြှင့်တင် ရမယ့် အဆောက်အအုံ စီမံကိန်းတွေကို အဆင့်မြှင့်တင် ပေးနေသလို တက္ကသိုလ် အသီးသီးမှာလဲ ပညာရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ပညာရေး မြှင့်တင်ရေး သင်တန်းနဲ့ ဆွေးနွေးပွဲ တွေကို ဆောင်ရွက်ပေး နေပါတယ်။ အခု ဒီဆေးရုံကြီးဟာ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး ရဲ့ အကူအညီ များစွာနဲ့ ဖြစ်လာတဲ့ ဆေးရုံကြီး ဖြစ်ပါတယ်။ တစ်နှစ်တာ ကာလအတွင်း အပြီး ဆောင်ရွက် နိုင်တာဟာ ဝန်ကြီးချုပ်နဲ့ အလှူရှင် တွေရဲ့ အားများစွာ ပါလို့သာ ပြီးမြောက် အောင်မြင်ခဲ့ တာပါ'' ဟု မြန်မာနိုင်င ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E Mr.Gautam Mukhopadhaya က ပြောပြသည်။

ထို့နောက် ဝန်ကြီးချုပ် ဦးသာအေး က သံအမတ်ကြီး ထံသို့ ဆေးရုံကြီး ၏ ဓာတ်ပုံကို အမှတ်တရ ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ အေးငြိမ်း က ဝန်ကြီးချုပ်၊ သံအမတ်ကြီး နှင့်
တာဝန်ရှိ သူများကို အမှတ်တရ လက်ဆောင်များ ပေးအပ် ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

No comments:

Post a Comment