Pages

Thursday, March 31, 2016

တက္ကသိုလ်အသီးသီးရှိ ဆရာ ဆရာမပေါင်း ၁၅၀၀ ကျော်ကို ဗြိတိသျှကောင်စီမှ အင်္ဂလိပ်စာ စွမ်းရည်တိုးတက်ရေး သင်တန်းပေး


ရန်ကုန် ၊ ၃၁-၃-၂၀၁၆

ပညာရေး ဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ် များမှ ဆရာ၊ ဆရာမပေါင်း ၁၅ဝဝ ကျော်ကို ဗြိတိသျှကောင်စီ မှ အင်္ဂလိပ်စာ စွမ်းရည် တိုးတက်ရေး သင်တန်းများ ပေးလျက်ရှိသည့် အပြင် ဆရာများ ဘာသာရပ် ပေါင်းစုံ သင်ကြားမှု နည်းစနစ် စွမ်းရည် တိုးမြှင့်ရေး သင်တန်းများ လည်း ဖွင့်လှစ် သင်ကြား ပေးလျက် ရှိကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရသည်။

''ဆရာတိုင်း အင်္ဂလိပ်စာ စွမ်းရည်ရှိဖို့ လိုအပ်တယ်။ သင်ကြားမှု ပုံစံကလည်း သူတို့ရဲ့ သင်ရိုးအတိုင်း သင်ပေးတော့ တတ်မြောက်ဖို့ လွယ်မယ်။ သူတို့ဆီမှာပဲ သင်တန်းတက် မယ်ဆိုရင် သင်တန်းကြေး လေးသိန်း လောက် ကုန်တယ်။ အခု သင်ပေးနေတာ တွေက အခမဲ့ သင်ပေးနေတာပါ။ တစ်နေ့ကို စာသင်ချိန် ရှစ်ကြိမ်ကနေ ၁၅ ကြိမ်အထိ သင်ကြားပေး နေပါတယ်'' ဟု ပညာရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဆရာ၊ ဆရာမ များကို ဗြိတိသျှ ကောင်စီ နှင့် ဗြိတိန်နိုင်ငံ အခြေစိုက် နိုင်ငံရပ်ခြား လူမှုဝန်ထမ်း အဖွဲ့ (VSO) တို့မှ ဆရာ၊ ဆရာမ ၄ဝ ကျော်တို့က သင်ကြားပေး နေပြီး ပညာရေး ကောလိပ်နှင့် တက္ကသိုလ်၂၁ ခုရှိ ဆရာ၊ ဆရာမ ၁၅ဝဝ ခန့်ကို နှစ်နှစ် စီမံကိန်း ချမှတ်၍ အကောင် အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိသည်။

ဗြိတိသျှကောင်စီ နှင့် နိုင်ငံရပ်ခြား လူမှုဝန်ထမ်း အဖွဲ့ (VSO) မှ ဆရာ၊ ဆရာမ များက သက်ဆိုင်ရာ တက္ကသိုလ်နှင့် ကောလိပ်အလိုက် လိုက်လံ သင်ကြားပေးလျက် ရှိပြီး ယင်းတို့မှာ ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ စစ်ကိုင်း၊ မုံရွာ၊ မော်လမြိုင်၊ ဘားအံ၊ ထားဝယ်၊ မကွေး၊ ပခုက္ကူ၊ ပုသိမ်၊ မြောင်းမြ၊ ပြည်၊ ကျောက်ဖြူနှင့် ဘိုကလေး တို့ရှိ ပညာရေး ကောလိပ်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းများ အတွက် ဗြိတိသျှ ကောင်စီနှင့် အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးဌာန (DGID) တို့က အမေရိကန် ဒေါ်လာ ၇ သန်းသုံးစွဲ ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment