Pages

Thursday, March 3, 2016

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး အား လက်ခံတွေ့ဆုံ



နေပြည်တော် ၊ ၃-၃-၂၀၁၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာမည့် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Derek Mitchell အား ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင် ၌် လက်ခံ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လွတ်လပ်သော အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုနှင့် သမိုင်းကြောင်း အရ ရပ်တည်ခဲ့မှု၊ ယခုလက်ရှိ တွင်လည်း ဆက်လက် ရပ်တည်နေမှု အခြေအနေများ၊ မိမိနိုင်ငံ၏ သမိုင်းကြောင်း နှင့် နိုင်ငံရေး အခြေအနေ အရ နိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု များကို ခိုင်ခိုင်မာမာ ဖြစ်စေရန် တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်နေမှု အခြေအနေ များနှင့် တပ်မတော်၏ ပူးပေါင်းပါဝင် ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်း ပြောကြား၍ သံအမတ်ကြီး H.E. Mr. Derek Mitchell ၏ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး တာဝန် ထမ်းဆောင်ခဲ့သည့် ကာလအတွင်း မြန်မာ-အမေရိကန် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက် ခဲ့သည့် ကိစ္စရပ်များ အပေါ် ပကတိ အခြေအနေ အတိုင်း အပြန်အလှန် ပြန်လည်သုံးသပ် ဆွေးနွေးကြပြီး ရှေ့ဆက်၍ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေး များ တိုးမြှင့် ဆောင်ရွက်ရေး တို့အတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ ညှိနှိုးကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး တို့ တက်ရောက်ကြပြီး အမေရိကန်နိုင်ငံ သံအမတ်ကြီး နှင့်အတူ စစ်သံမှူး Colonel James Mc Aden နှင့်တာဝန်ရှိ သူတို့ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment