Pages

Monday, February 1, 2016

တရုတ်ယွမ်ငွေတန်ဖိုး ကျဆင်းလာခြင်း နှင့် Mobile Team များ ဖျက်သိမ်းလိုက် ခြင်းကြောင့် တရုတ်ကုန်စည်များ ဈေးနှုန်းကျဆင်း



ရန်ကုန် ၊ ၁-၂-၂၀၁၆

တရုတ်ယွမ်ငွေ တန်ဖိုး ကျဆင်းခြင်း နှင့် Mobile Team များ ဖျက်သိမ်း လိုက်ခြင်းကြောင့် တရုတ်ကုန်စည် ပစ္စည်းများ၊ ဟန်းဆက်များ နှင့် အလှကုန် ပစ္စည်းများ ဈေးနှုန်း ကျဆင်းလျက် ရှိကြောင်း နယ်စပ်ပို့ကုန် လုပ်ငန်းရှင်များ ထံမှ သိရသည်။

Mobile Team သည် အလှကုန်ပစ္စည်း များနှင့် ဟန်းဆက်များကို အခွန်ဆောင်ခြင်း မပြုဘဲ သယ်ဆောင် လာပါက ဖမ်းဆီး အရေးယူလျက် ရှိရာ လက်ရှိတွင် ယင်း စစ်ဆေးရေး အဖွဲ့များကို ဖျက်သိမ်း လိုက်ခြင်းကြောင့် သယ်ဆောင်မှု ပိုမိုလွယ်ကူ လာသဖြင့် ကုန်စည်တချို့မှာ ဈေးနှုန်းကျ ဆင်း နေခြင်း ဖြစ်ကြောင်း သိရသည်။

ကုန်စည်တချို့ ဈေးနှုန်းကျဆင်း နေသော်လည်း တရားမဝင် အခွန် ရှောင်တိမ်းမှုများ ပိုမိုများပြား လာခြင်းကြောင့် တရားဝင် ကုန်သွယ်မှု ပမာဏကို ထိခိုက် လာနိုင်ကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။

စားသုံးသူ အကာအကွယ် ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့အားလုံးကို နိုင်ငံတော် သမ္မတရုံး၏ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက် ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၇၉/၂ဝ၁၅) ဖြင့် တစ်နိုင်ငံလုံးမှ Mobile Team အားလုံးကို ဒီဇင်ဘာ ၃ဝ ရက် ညနေပိုင်းမှ စတင်၍ ဖျက်သိမ်းရန် ညွှန်ကြားစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတရုံးမှ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် အမိန့် ကြော်ငြာစာ အမှတ် (၉၇/၂ဝ၁၂) ဖြင့် ဖွဲ့စည်းခဲ့သော ဗဟိုကော်မတီမှ နယ်စပ် ကုန်သွယ်မှု လမ်းကြောင်းများ တွင် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရန် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၂ ခုနှစ်တွင် တရားဝင် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံခန့်သာ ရှိခဲ့သော်လည်း ၂ဝ၁၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံ အထိ တိုးတက် လာခဲ့ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment