Pages

Sunday, February 21, 2016

ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း ( Combined Fleet Exercise ) ဆောင်ရွက်ရန်အတွက် သတိပေးချက် ထုတ်ပြန်




နေပြည်တော် ၊ ၂၁-၂-၂၀၁၆

တပ်မတော်(ရေ) စစ်ရေယာဉ် များသည် ၂ဝ၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၂ ရက်နေ့အတွင်း ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်း နှင့် လက်နက်များ လေ့ကျင့် ပစ်ခတ်ခြင်း များအား ကိုကိုးကျွန်း ရေပြင်တွင် လေ့ကျင့် ဆောင်ရွက် သွားမည် ဖြစ်သည်။

လေ့ကျင့်ခန်း ဧရိယာအဖြစ် Point A မြောက် လတ္တီတွဒ် ၁၄ ဒီဂရီ ၅၆ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၆ မိနစ်၊ Point B မြောက် လတ္တီတွဒ် ၁၄ ဒီဂရီ ၅၆ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၃ မိနစ်၊ Point C မြောက် လတ္တီတွဒ် ၁၄ ဒီဂရီ ဝဝ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၃ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ဝဝ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၆ မိနစ် စသည့် Coordinates အမှတ်များအား ဆက်ဆွဲ ထားသည့် ဧရိယာအား သတ်မှတ်ထားရှိပြီး ရေကြောင်း သတိပေးချက်နှင့် လေကြောင်း သတိပေးချက် တို့အား ထုတ်ပြန်ကြေညာ ထားရှိပြီး ဖြစ်သည်။

သို့ဖြစ်ပါ၍ လေ့ကျင့်ခန်း ဆောင်ရွက်စဉ် ကာလအတွင်း ဘေးအန္တရာယ် ကင်းရှင်း စေရေးအတွက် အဆိုပါ ဧရိယာမှ ၅ မိုင်ပတ်လည်အား သင်္ဘော ကြီး/ငယ်များ၊ ကုန်တင်/ စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ် သမ္ဗန်များ ဖြတ်သန်း သွားလာခြင်း၊ ကျောက်ချ ရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်း ကိရိယာများ ချထားခြင်း မရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅ဝဝဝ (တစ်သောင်း ငါးထောင်) အောက် ဖြတ်ကျော် ပျံသန်းခြင်း မပြုကြရန် အသိပေး ကြေညာအပ် ပါသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment