Pages

Tuesday, February 2, 2016

ဆန်ကာကူကျွန်းစု ကာကွယ်ရေးအတွက် ဂျပန်နိုင်ငံက တိုက်လေယာဉ်စင်းရေ နှစ်ဆတိုး


Senkaku Islands dispute

တိုကျို ၊ ၂-၂-၂၀၁၆

တရုတ်နိုင်ငံနှင့် ပိုင်ဆိုင်ခွင့် အငြင်းပွားလျက် ရှိသော အရှေ့တရုတ် ပင်လယ်ကျွန်းစု များအနီး တောင်ပိုင်းဒေသသို့ ဂျပန်နိုင်ငံက F-15 တိုက်လေယာဉ် များကို အရေအတွက် နှစ်ဆတိုး၍ ဖြန့်ကြက် ထားကြောင်း ဗြိတိန် အခြေစိုက် ဒေးလီး တယ်လီဂရပ် သတင်းစာက ယမန်နေ့တွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံ တောင်ပိုင်း အိုကီနာဝါ ကျွန်းစု၏ အဓိက ကျွန်းတစ်ကျွန်း ပေါ်တွင် အခြေစိုက် ထားသော ဂျပန်လေတပ် F-15 တိုက်လေယာဉ် များ၏ စုစုပေါင်း အရေအတွက်ကို ၄ဝ ခန့်ထိ မြှင့်တင် ဖြန့်ကြက် ထားကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

ပြီးခဲ့သည့်နှစ်များ အတွင်း အရှေ့တရုတ် ပင်လယ်ဒေသ ကျွန်းစုများ ပိုင်ဆိုင်ခွင့် ရရေးအတွက် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ အကြားတွင် ဆက်ဆံရေး တင်းမာမှုများ ရှိခဲ့ကြောင်း ဒေးလီး တယ်လီဂရပ် သတင်းစာက ဖော်ပြ ထားသည်။

ဂျပန်နိုင်ငံတွင် ဆန်ကာကူ ကျွန်းစုဟူ၍ လည်းကောင်း၊ တရုတ်နိုင်ငံတွင် တောင်ယုကျွန်းစု ဟူ၍ လည်းကောင်း ခေါ်ဝေါ်ကြသော အရှေ့တရုတ် ပင်လယ်ကျွန်းစု ဒေသကို လက်ရှိတွင် ဂျပန်နိုင်ငံက ထိန်းချုပ် ထားသည်။

ဆန်ကာကူ ကျွန်းစုရှိ ကျွန်းငါးကျွန်း အနက် သုံးကျွန်းကို လက်ရှိ ပိုင်ဆိုင်ထားသူများ ထံမှ ဝယ်ယူရန် ဂျပန်အစိုးရက ၂ဝ၁၂ ခုနှစ် စက်တင်ဘာလ တွင် ကြေညာ ခဲ့ပြီးနောက် တရုတ် ကမ်းခြေစောင့် တပ်ဖွဲ့သင်္ဘော များနှင့် လေယာဉ်များသည် ဆန်ကာကူ ကျွန်းစုဒေသ အတွင်း ဝင်ရောက် လာမှုကြောင့် တရုတ်နှင့် ဂျပန်အကြား သံတမန် ဆက်ဆံရေး တင်းမာမှုများ ပေါ်ပေါက်ခဲ့ ရကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment